Connect with us

Europe

နယ်သာလန်နိုင်ငံဘုရင်၏ တရုတ်နိုင်ငံခရီးစဉ်သည် တရုတ်-ဥရောပ ဆက်ဆံရေးကို ပိုမိုနီးကပ်ခိုင်မာစေမည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် နယ်သာလန်နိုင်ငံ ဘုရင် ဝီလီယံအလက်ဇန္ဒား တို့ ပေကျင်းမြို့ ၌ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် တွေ့ ဆုံစဉ်(ဆင်ဟွာ)

ဘရက်ဆဲလ် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသို့ ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန် နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေ တို့အသီးသီးလာရောက်လည်ပတ်ခဲ့ပြီးချိန်တွင် နယ်သာလန်နိုင်ငံဘုရင်မင်းမြတ် ဝီလီယံ-အလက်ဇန္ဒား(Willem-Alexander) သည် ထီးနန်းဆက်ခံပြီးနောက် တရုတ်နိုင်ငံသို့၎င်း၏ ဒုတိယအကြိမ်မြောက်အလည်အပတ် ခရီးအစဉ်အဖြစ် ဖေဖော်ဝါရီ ၆ ရက်တွင် ထွက်ခွာလာခဲ့သည်။ တစ်လတာကာလအတွင်း အဆိုပါ ထိပ်သီးပုဂ္ဂိုလ် သုံး ဦး၏ တရုတ်နိုင်ငံခရီးစဉ်သည် တရုတ်နိုင်ငံ နှင့် ဥရောပတိုက်၏ အဓိကနိုင်ငံများအကြား ပိုမိုနီးကပ်လာခြင်း နှင့် ပိုမိုလက်တွေ့ကျသောဆက်ဆံရေး ရှိလာခြင်းကို ဖော်ညွှန်နေကြောင်း ထင်ရှားသော သတင်းစကားတစ်ခုပင်ဖြစ်သည်။

ဘုရင်ဝီလီယံ-အလက်ဇန္ဒားသည် မိဖုရားMaxima ခြံရံလိုက်ပါလျက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့်တွေ့ဆုံရန် ရည်ရွယ်ထားပြီး နှစ်နိုင်ငံအကြား နှစ်ဖက်ကုန်သွယ်ရေး နှင့် အစိမ်းရောင်ဘဏ္ဍာရေး နယ်ပယ်များတွင် အပြန်အလှန်ယုံကြည်မှု နှင့် နားလည်မှုကို တိုးမြှင့်ရန် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် ဆွေးနွေးသွားရန် ဖြစ်သည်။

၂ဝ၁၅ ခုနှစ်က တရုတ်နိုင်ငံသို့ပထမဆုံးအကြိမ် ခရီးစဉ်အတွင်း ရရှိခဲ့သော နှစ်ဖက်ဆက်ဆံရေးအရှိန်အဟုန်ကိုမြှင့်တင်ရန်ဖြစ်ပြီး ဘုရင်အလက်ဇန္ဒား၏ ခရီးစဉ်သည် တရုတ်-နယ်သာလန် နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ကာ နှစ်ဖက်ဆက်ဆံရေးတိုးတက်ခိုင်မာအောင် လုပ်ဆောင်မှုအသစ် တစ်ခုဖြစ်သည်။

ပြင်သစ်သမ္မတမက်ခရွန် နှင့် ဗြိတိန်ဝန်ကြီးချုပ်ထရီဇာမေ တို့၏ ခရီးစဉ်ပြီးနောက် ဘုရင်မင်းမြတ်၏ ခရီးစဉ်သည်လည်း တရုတ်-ဥရောပ ဆက်ဆံရေးကို ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ဆောင်မှုပင်ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံ နှင့် ဥရောပတိုက်အကြား အနီးကပ်ဆက်ဆံမှုများသည် ယခုနေရာမှ အစပြုခဲ့ခြင်းမဟုတ်ပေ။ မျက်မှောက်ခေတ် ကြီးမားသော စိန်ခေါ်မှုများတွင် တရုတ်-ဥရောပ ဆက်ဆံရေးသည် နှစ်ဖက်စလုံးမှ ပြည်သူတို့၏ အကျိုးစီးပွားကိုသယ်ပိုးရုံမျှသာမကဘဲ ကမ္ဘာ့နိုင်ငံရေး နှင့် စီးပွားရေး အတွက်လည်း ကြီးမားသော သက်ရောက်မှု ရှိခဲ့သည်။

ဒေါက်တာဟင်နရီကစ်ဆင်ဂျာက “ မျိုးဆက်တစ်ခုချင်းစီဟာ လူမှုအခြေအနေအရ ကြုံတွေ့ရတဲ့ အကြီးမားဆုံး နဲ့အကျိုးဆက် တွေပေါ်မှာ အဆုံးအဖြတ်ပေးကြပါလိမ့်မယ်” ဟူ၍ ပြောဆိုခဲ့ဖူးပါသည်။

ကမ္ဘာ့မြေပြင်အကျယ်အဝန်း ၁ဝ ရာခိုင်နှုန်း ၊ ကမ္ဘာ့လူဦရေ ၄ပုံ၁ပုံ နှင့် ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး GDP ၏ ၃ ပုံ ၁ ပုံ ရှိနေသည့် ဥရောပ နှင့် တရုတ် နိုင်ငံတို့သည် တံခါးဖွင့်စီးပွားရေးကို ပိုမိုမြှင့်တင်ရန် ၊ နိုင်ငံအစုအဖွဲ့များအလိုက် ပိုမိုအကျိုးသက်ရောက်မှုများ နှင့် အခွင့်အာဏာရှိမှုကို ဆုတ်ကိုင်ကြရန် ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒခြိမ်းခြောက်မှုကို ခုခံသွားကြရန် ပူးပေါင်း ရင်ဆိုင်သွားရမည်ဖြစ်သည်။

တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် လိုအပ်မှုသည် Win-Win သဘောသဘာဝအရ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု မှ ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်ပြီး ဥရောပတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် အချို့မီဒီယာများက ယိုးမယ်ဖွဲ့ဖော်ပြနေခြင်းကိုလည်း တန်ပြန် ဆန့်ကျင်သွားရမည်ဖြစ်သည်။

ဥရောပတိုက်တွင် တရုတ်နိုင်ငံ၏ ရင်းနှှီးမြှုပ်နှံမှုများသည် တရုတ်နိုင်ငံ၌ ဥရောပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုပမာဏထက် လျော့နည်းနေဆဲဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက ဥရောပ၏ စီးပွားရေးရှင်သန်မှုကို အထောက်အကူပြုခဲ့သည်။ တရုတ်-CEEC ( အလယ် နှင့် အရှေ့ဥရောပနိုင်ငံများ) ပူးပေါင်းဆောင်ရွက်မှုတွင် နမူနာအားဖြင့် ရိုမေးနီးယား ၊ လတ်ဗီးယား ၊ ပိုလန် နှင့် ချက်ပြည်သူ့သမ္မတနိုင်ငံ – အဆိုပါ CEEC လေးနိုင်ငံသည် ဒေသတွင်းတရုတ်နိုင်ငံ၏ အဓိကရှယ်ယာနိုင်ငံများဖြစ်ပြီး ၎င်းတို့၏ စီးပွားရေးနလန်ထူကာ ပြန်လည်ခိုင်မာလာသည်မှာလည်း မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ပိုမိုဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည်လည်း အလုပ်အကိုင်အသစ်များ ဖန်တီးပေးခြင်း နှင့် ဒေဝါလီခံထားရသော စက်ရုံများကို ပြန်လည်ရှင်သန်လာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ Geely မော်တော်ကားကုမ္ပဏီက ဥရောပရှိ Volvo ကုမ္ပဏီ၏ အစုရှယ်ယာများကို ဝယ်ယူခဲ့သည်။ လွန်ခဲ့သော ၃ နှစ်အတွင်း တရုတ်နိုင်ငံသည် Volvo ကားအတွက် အဓိကဈေးကွက်ဖြစ်ခဲ့ရခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်း၌ ၎င်းတို့၏ကားများကို အရေအတွက် အမြောက်အများရောင်းချ ခဲ့ရသည်။

တရုတ်နိုင်ငံတွင် Volvo ကားရောင်းချမှုသည် တစ်နှစ်ထက်တစ်နှစ် ဆယ်ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်က တရုတ်နိုင်ငံ၌ Volvo ကား ၂,၂ဝဝဝ စီး သာ ရောင်းချခဲ့ရသော်လည်း ၂ဝ၁၆ ခုနှစ်တွင် ၎င်းတို့၏ ကားအရောင်းပမာဏသည် ၉၀,၉၃၀ စီးထိ ရှိခဲ့သည်။ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် Volvo ကုမ္ပဏီ၏ လုပ်ငန်းရွှေခေတ်ရောက်စေရန် အခြေခံကျခဲ့သည်။

ဆက်လက်၍ တရုတ်နိုင်ငံ နှင့် ဥရောပသမဂ္ဂ အကြား နှစ်စဉ် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၆ဝဝဘီလီယံ နီးပါးအထိ (သို့မဟုတ်) တစ်မိနစ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်း ကျော် ရှိခဲ့သည်။

ထို့ကြောင့် နှစ်ဖက်စလုံးအနေဖြင့် မတူကွဲပြားသော ကိစ္စရပ်များပေါ်ကျော်လွန်၍ ကြည့်မြင်ရမည်ဖြစ်ပြီး ကြီးမားသော ပုံရိပ်ကို သိမြင်နားလည်ရမည်ဖြစ်သည်။

စီးပွားရေး အပြည့်အဝ ပြန်လည်နလံထူနိုင်ရန် အကောင်အထည်ဖော်ရာတွင် ဥရောပအတွက်အရေးအကြီးဆုံးမှာ အထူးသဖြင့် ယခင်အစိတ်အပိုင်းဟောင်းတွင် ကြီးကြီးကျယ်ကျယ်တွေးတောရန် အဘယ်ကြောင့်ဆိုသော် တရုတ်-ဥရောပ ဆက်ဆံရေးများသည် ၎င်းတို့ဖြတ်သန်းခဲ့ရသည်ထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်နှင့် နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့၍ ဖြစ်သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောဆိုခဲ့ဖူးသလို “ ကျွနု်ပ်တို့ရဲ့ ဆက်ဆံရေးကို ရှေးဆက်တိုးအောင် လုပ်ဆောင်ဖို့ဆိုရင် တရုတ်နိုင်ငံက ဥရောပအကြောင်းကို ပိုမိုသိရှိအောင် လုပ်ဖို့လိုအပ်သလို ဥရောပက တရုတ်နိုင်ငံအကြောင်းကို ပိုမိုသိဖို့လိုအပ်ပါတယ်”။ ပြင်သစ် ၊ ဗြိတိန် နှင့် နယ်သာလန်နိုင်ငံများမှ ခေါင်းဆောင်များ တရုတ်နိုင်ငံသို့လာရောက် လည်ပတ်ခြင်းရည်ရွယ်ချက်သည် အထက်ပါရည်ရွယ်ချက်များကို ဖြည်ဆည်းရန် ဆောင်ရွက်ခြင်းဟု ဆိုခဲ့လျှင် မည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.