Connect with us

Europe

ဆီးရီးယားတွင် ကျဆုံးခဲ့သည့် ရုရှားလေယာဉ်မှူးအား နေရပ်သို့ ပြန်လည်သယ်ယူခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနပြောကြား

ဆီးရီးယားတွင် ကျဆုံးခဲ့သည့် ရုရှားလေယာဉ်မှူး Roman Filipoအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၃ရက် က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း အသတ်ခံရသော ရုရှားလေယာဉ်မှူး၏ ရုပ်အလောင်းအား ရုရှားနိုင်ငံသို့ ပြန်လည်သယ်ယူခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က ဖေဖော်ဝါရီ ၆ရက်တွင်ပြောကြားခဲ့သည်။

ရုရှား Su-25 တိုက်ဂျက်လေယာဉ်သည် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ် ရှိ စစ်မဲ့ဇုန်တွင် ပျံသန်းနေစဉ် Nusra Front စစ်သွေးကြွအုပ်စုက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်မှူးတွင် ဒဏ်ရာအများအပြားရရှိခဲ့ပြီး စစ်သွေးကြွများက ဝန်းရံထားစဉ် လက်ပစ်ဗုံးပစ်ခွဲ၍ အသေခံခဲ့ကြောင်း ဝန်ကြီးဋ္ဌာန၏ပြောကြားချက်အရ သိရသည်။

ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်၌ ဆီးရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၃ရက်က သူရဲကောင်းပီသစွာ ကျဆုံးသွားသော လေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး Roman Filipoအား တူရကီထောက်လှမ်းရေးများနှင့် ပူးပေါင်း၍ ရုရှားစစ်ဘက်ထောက်လှမ်းရေးအဖွဲ့က ပြန်လည်သယ်ယူခဲ့ကြောင်း သိရသည်။

မော်စကိုမြို့တောင်ဘက် ၅၀၀ကီလိုမီတာခန့်အကွာ ရှိ Voronezh မြို့ ၌ ဖေဖော်ဝါရီ ၁၅ရက်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဗိုလ်မှူး Roman Filipo ၏ဈာပနာကို ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ကျဆုံးသွားသည့် လေယာဉ်မှူးအား နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ပြုတံဆိပ်ဖြစ်သော ရုရှားသူရဲကောင်းတံဆိပ် အပ်နှင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက အစောပိုင်းတွင်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.