Connect with us

Europe

နယ်သာလန် နိုင်ငံ တွင် အဆိပ်ရှိသော ကြက်ဥ စစ်ဆေးမှု ကြောင့် မွေးမြူရေးခြံပေါင်း ၁၄၇ ခု ပိတ်သိမ်း

ဈေးဝယ်သူ တစ်ဦး မှ ကြက်ဥ ဝယ်ယူရန် ရွေးချယ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟိဂ် ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

နယ်သာလန် နိုင်ငံ အစားအသောက်လုံခြုံရေး ဌာန ၏ သြဂုတ်လ ၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အဆိပ်ရှိသော ကြက်ဥ စစ်ဆေးမှု ၌ သံသယ ရှိသော မွေးမြူရေးခြံပေါင်း ၁၈၀ ကို စစ်ဆေးခဲ့ရာတွင် ခြံပေါင်း ၁၄၇ ခြံရှိ ကြက်ဥ တွင် ပိုးသတ်ဆေး Fipronil ပါဝင်နေကြောင်း တွေ့ရှိခဲ့ရသဖြင့် အဆိပ်ရှိသော ကြက်ဥများကို အားလုံး ပြန်လည် သိမ်းဆီးပြီး ကျန်းမာရေး စစ်ဆေးချက် နှင့် ကိုက်ညီသည့် အထိ မွေးမြူရေး ခြံများကို ပိတ်သိမ်း သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

နယ်သာလန် နိုင်ငံ အစားအသောက်လုံခြုံရေး ဌာန ၏ ထုတ်ပြန်ချက်အရ ဈေးကွက်အတွင်း ပြဿနာ ရှိသည့် ကြက်ဥပေါင်း သန်းနှင့်ချီ၍ ရောက်ရှိနေပြီး ၎င်းတို့အားလုံး ကို ပြန်လည် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း ၊ ပိတ်သိမ်းခံရသည့် မွေးမြူရေးခြံများ အနေဖြင့် စစ်ဆေးမှု အောင်မြင်ပြီးမှသာ ခွင့်ပြုချက် ပြန်လည် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

စစ်ဆေးမှု များအရ ကြက်ဥအတွင်း တွေ့ရှိခဲ့သည့် အဆိပ်သည် နယ်သာလန် နိုင်ငံ ရှိ မွေးမြူရေးခြံ များကို ပိုးသတ်ဆေး ထောက်ပံ့ပေးသည့် ကုမ္ပဏီ တစ်ခု နှင့် ပတ်သက် နေကြောင်း ၊ နယ်သာလန် နိုင်ငံ တွင် ယင်း ကုမ္ပဏီ က မွေးမြူရေးခြံပေါင်း ၁၈၀ ကို ပိုးသတ်ဆေး ထောက်ပံ့ပေးခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့ က နယ်သာလန် နိုင်ငံ အစားအသောက်လုံခြုံရေး ဌာန က ယင်းမွေးမြူရေး ခြံပေါင်း ၁၈၀ ကို လုပ်ငန်း ရပ်ဆိုင်းစေခဲ့ကြောင်း သိရှိခဲ့ရသည်။

နယ်သာလန် နိုင်ငံ သည် ဥရောပ တွင် မွေးမြူရေး ထွက်ကုန် အဓိက တင်ပို့သော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ဥစားမွေးမြူရေးခြံပေါင်း ၂၀၀၀ ကျော်ရှိသည်။ နှစ်စဉ် ကြက်ဥပေါင်း ၆ ဘီလီယံ ကျော် တင်ပို့ ခဲ့ရာ နယ်သာလန် နိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် က ယခု ဖြစ်ပွား ခဲ့သည့် အဆိပ်ရှိသော ကြက်ဥ ကိစ္စရပ် ကြောင့် ဖြစ်ပွားမည့် စီးပွားရေး အရ ဆုံးရှုံးမှု သည် လက်ရှိချိန်တွင် တွက်ချက်ရန်ပင် အလွန် ခက်ခဲကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.