Connect with us

Europe

ပင်လယ်ကွေ့ဒေသ တင်းမာမှုအခြေအနေများ ပိုမိုဆိုးဝါးလာစေရန် အနောက်နိုင်ငံအချို့က တမင်တကာ လုပ်ဆောင်နေဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆို

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗ့်ရုဗ် နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်တို့ ဒီဇင်ဘာ ၃၀ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

လက်ရှိ ပင်လယ်ကွေ့ဒေသ တင်းမာမှု အခြေအနေများ ပိုမိုဆိုးဝါးလာခြင်းသည် အနောက်နိုင်ငံအချို့က ကြိုးကိုင် လှုပ်ရှားနေခြင်းကြောင့်ဖြစ်ကြောင်း ၊ ၎င်းအခြေအနေကို ရုရှားအနေဖြင့် အထူး သတိထားဂရုပြုနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး  ဆာဂျီလာဗ့်ရုဗ် (Sergey Lavrov)က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ ရုရှားနှင့်အီရန်သည် တန်းတူညီမျှအပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်များလုပ်ဆောင်ပြီး ပင်လယ်ကွေ့ဒေသ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်ကြောင်း သိရသည်။

အီရန် နျူကလီးယား သဘောတူညီချက်သည် ဘက်စုံ ပြိုပျက်တော့မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရာ ၎င်းမှာ ဒေသနှင့်တစ်ကမ္ဘာလုံးအတွက် အနုတ်လက္ခဏာ သက်ရောက်မှု ရှိကြောင်း ဆာဂျီလာဗ့်ရုဗ်က ဒီဇင်ဘာ ၃၀ ရက်တွင် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်သည့် အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂက အီရန်နျူကလီးယား သဘောတူညီချက်ကို ဘက်စုံပြန်လည်ဆောင်ရွက်မှာသာ အီရန်အနေဖြင့် ၎င်း၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ၊  အီရန်နျူကလီးယားသဘောတူညီချက်ကို ဘက်စုံအကောင်အထည်ဖော်ရန် ရုရှားအနေဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂကို ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆိုသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး  ဆာဂျီလာဗ့်ရုဗ် နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်တို့ ဒီဇင်ဘာ ၃၀ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ) 

ရုရှားနိုင်ငံခြားရေးဝန်ကြီး  ဆာဂျီလာဗ့်ရုဗ် နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်တို့ ဒီဇင်ဘာ ၃၀ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ) 

လစ်ဗျားနိုင်ငံတွင် ပျံသန်းခွင့်တားမြစ်ဇုန်ထားရှိခြင်းကို လည်း ဆာဂျီလာဗ့်ရုဗ်က ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ယခင်က လစ်ဗျားနိုင်ငံတွင် ပျံသန်းခွင့်တားမြစ်ဇုန်ထားရှိခဲ့ဖူးသော်လည်း မကြာမီတွင် လစ်ဗျားသည် နေတိုး၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ၊ ပျံသန်းခွင့်တားမြစ်ဇုန်၏ သတ်မှတ်ချက်များကို နေတိုးအနေဖြင့် လိုက်နာစောင့်ထိန်းမည်ဟု မယုံကြည်ကြောင်း ၊လက်ရှိတွင် လစ်ဗျားတွင် ပစ်ခတ်မှုရပ်ဆဲရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးပြန်လည်ရရှိအောင် ဆွေးနွေးမှုများ ပြုလုပ်ရန် ဘက်ပေါင်းစုံက အပြုသဘောတွန်းအားပေး ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်တွင် အီရန်နိုင်ငံသည် အမေရိကန်၊ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီ နိုင်ငံ ၆ နိုင်ငံနှင့် အီရန်နျူကလီးယားရေးရာ ဘက်စုံသဘောတူညီချက်ရရှိခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ  အီရန်သည် နျူကလီးယားအစီအစဉ်ကို ကန့်သတ်ဆောင်ရွက်မည်ဟု ကတိပြုခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းက ယင်းအပေါ်ပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်သည် အဆိုပါသဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများပြန်လည်ဆောင်ရွက်ခဲ့သည်။ ယခုနှစ် မေလတွင် အီရန်သည် သဘောတူညီချက်ပါအကြောင်းအရာတစ်ချို့ကို ရပ်ဆိုင်းရန် ကြေညာခဲ့ရာ အမေရိကန်နှင့်အီရန် ဆက်ဆံရေးသည် ဆိုးဝါးလာပြီး ပင်လယ်ကွေ့အခြေအနေ ဆက်လက်တင်းမာလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.