Europe
ပုံမှန်ဆက်ဆံရေး ပြန်လည်ရောက်ရှိဖို့ တူရကီနိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆုံးဖြတ်
![တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu (ယာ) နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန် (ဝဲ) တို့အား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၉ ရက်က လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2018/02/images_world_2018_02_16l1.jpg)
အန်ကာရာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ဆီးရီးယားနိုင်ငံအတွင်း တူရကီစစ်တပ်၏ စစ်ဆင်ရေးကြောင့် ရက်သတ္တပတ်ကြာ တင်းမာမှုရှိခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်နိုင်ရန် သဘောတူခဲ့ကြကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြောကြားလိုက်သည်။
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်နှင့် အတူ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာစေသည့် ကိစ္စရပ်အတွက် ဖြေရှင်းရန် လုပ်ထုံးလုပ်နည်းများအား ထူထောင်ကြမည် ဖြစ်ကြောင်း Cavusoglu က ပြောကြားခဲ့သည်။
နောက်ထပ် တွေ့ဆုံမှုအား မတ်လလယ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)