Connect with us

Europe

ဒိန်းမတ်ဘုရင်မ၏ ခင်ပွန်းဖြစ်သူ အသက် ၈၃နှစ် ၌ ကွယ်လွန်

ဒိန်းမတ်နိုင်ငံဘုရင်မ မာဂရက် ၂ (ယာ) နှင့် ဒိန်းမတ်မင်းသား ဟင်းရစ်ခ် (ဝဲ) တို့အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုပင်ဟေဂင်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံဘုရင်မ မာဂရက် ၂ ၏ ခင်ပွန်းဖြစ်သူ ဒိန်းမတ်မင်းသား ဟင်းရစ်ခ် သည် ဖေဖော်ဝါရီ ၁၃ရက် ညပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း ဒိန်းမတ်နန်းတော် က ဖေဖော်ဝါရီ ၁၄ရက် အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အသက် ၈၃နှစ်အရွယ်ရှိပြီဖြစ်သော ဟင်းရစ်ခ်သည် ဒေသစံတော်ချိန် ၂၃း၁၈နာရီ တွင် Fredensborg နန်းတော်၌ ကွယ်လွန်သွားခဲ့ကြောင်း နှင့် ၎င်းကွယ်လွန်ချိန်တွင် ဘုရင်မ မာဂရက် နှင့် သား၂ဦးစလုံးရှိနေကြောင်း နန်းတော်က ၎င်း၏ အင်တာနက်စာမျက်နှာပေါ်တွင်ထုတ်ပြန်ခဲ့သည်။

ဟင်းရစ်ခ် သည် အဆုတ်ရောင်ရောဂါကြောင့် ဇန်နဝါရီလမှစ၍ ဆေးရုံသို့တက်ရောက်ခဲ့ရပြီး ၎င်း၏ နောက်ဆုံးနေ့ရက်များကို နေအိမ်၌သာ ကုန်ဆုံးချင်သောကြောင့် ဖေဖော်ဝါရီ ၁၃ရက်တွင် ဆေးရုံဆင်းခဲ့ကြောင်း နန်းတော်က ဖေဖော်ဝါရီ ၁၃ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟင်းရစ်ခ် အား ပြင်သစ်နိုင်ငံ Brodeaux မြို့ အနီး၌ ၁၉၃၄ခုနှစ် ဇွန်လ ၁၁ရက်တွင် မွေးဖွားခဲ့ပြီး ၁၉၆၇ခုနှစ်တွင် အိမ်ရှေ့မင်းသမီး မာဂရက်နှင့်လက်ထပ်ခဲ့ကြောင်း သိရသည်။

ဒိန်းမတ်ဘုရင်မ နှင့် မင်းသားတို့တွင် အိမ်ရှေ့စံ Frederik နှင့် မင်းသား Joachim အမည်ရှိ မင်းသား နှစ်ဦး နှင့် မြေး ၈ဦးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.