Connect with us

Europe

ပေါ်တူဂီတွင် လေယာဉ်ငယ်တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရာ လူ ၂ဦးသေဆုံး

အရေးပေါ်ဆင်းသက်ခဲ့သည့် ပေါ်တူဂီ လေယာဉ်ငယ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လစ္စဘွန်း၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ တောင်ဘက် ၃၀ကီလိုမီတာ အကွာ အယ်လ်မာဒါမြို့ ရှိ Sao Joao ကမ်းခြေတွင် သြဂုတ်၂ ရက်က လေယာဉ်ငယ်တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရာ လူ၂ဦးသေဆုံးခဲ့ကြောင်း ပေါ်တူဂီသတင်းဋ္ဌာန Lusa က ဖော်ပြခဲ့သည်။

အမျိုးသားပင်လယ်ရေကြောင်း အာဏာပိုင်အဖွဲ့အစည်း (AMN) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သေဆုံးသူများသည် အမျိုးသားတစ်ဦး နှင့် ကလေးငယ် တစ်ဦးဖြစ်ကြောင်း၊ လေယာဉ်ပျံ နှင့် တိုက်မိပြီး နေရာ၌ပင် သေဆုံးသွားကြောင်း အတည်ပြုပြောကြားခဲ့သည်။

အမျိုးသားအရေးပေါ်ဆေးကုသမှုဋ္ဌာန (INEM) က သေဆုံးသူ အမျိုးသားသည် အသက် ၃၀နှစ်အရွယ် ဖြစ်ပြီး ကလေးငယ်မှာ အသက် ၅နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ကြောင်း နှင့် ၎င်းတို့သည် မိသားစုဝင်များ ဖြစ်ဟန်မတူကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ဝန်ထမ်း ၂ဦးသည် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ၎င်းတို့အား ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားကြောင်း သိရသည်။

လေယာဉ် နှင့်ရထားလမ်း မတော်တဆမှုများ ဆိုင်ရာ စုံစမ်းစစ်ဆေးမှု နှင့် ကာကွယ်ရေးရုံးက အဆိုပါ မတော်တဆမှုအား ဋ္ဌာနမှ အဖွဲ့တစ်ဖွဲ့က စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.