Connect with us

Europe

ပေါ်တူဂီ တောမီးလောင်ကျွမ်းမှုအတွက် တရုတ် သမ္မတ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

ပေါ်တူဂီတွင် တောမီးလောင်ကျွမ်းနေခြင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံတွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့်အပေါ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တူရကီနိုင်ငံ သမ္မတ Marcelo Rebelo de Sousa ထံ ဝမ်းနည်းကြေကွဲရပါကြောင်း သဝဏ်လွှာ ဇွန်လ ၁၉ ရက်က ပေးပို့လိုက်ကြောင်း သိရသည်။

သမ္မတ ရှီ၏ သဝဏ်လွှာ၌ ပေါ်တူဂီတွင် တောမီးလောင်ကျွမ်းမှုကြောင့် ကြီးမားသော ပျက်စီးမှုများနှင့် နေအိမ် ဆုံးရှုံးမှုများ ကြားသိရသည့်အတွက် တုန်လှုပ်မိကြောင်း၊ ယင်း ဖြစ်ရပ်အတွက် တရုတ် အစိုးရ၊ တရုတ် ပြည်သူများ ကိုယ်စားနှင့် ၎င်းကိုယ်တိုင် အနေဖြင့် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြောင်းနှင့် မိသားစုများအပေါ် စာနာ ထောက်ထားမိပါကြောင်း ပါရှိသည်။

ပေါ်တူဂီ နိုင်ငံသားများအနေဖြင့် သမ္မတနှင့် အစိုးရ ခေါင်းဆောင်မှုအောက်တွင် သဘာဝဘေးကို သေချာစွာ အနိုင်ယူလိမ့်မည် ဖြစ်ကြောင်းနှင့် အမိမြေကို ပြန်လည် တည်ဆောက်သွားကြမည်ဟု ယုံကြည်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.