Connect with us

Europe

ရုရှား နိုင်ငံ က အမေရိကန် နိုင်ငံ နှင့် ချုပ်ဆိုခဲ့သည့် ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်းလုံခြုံရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို ရပ်ဆိုင်း

ရုရှား နိုင်ငံ မှ တိုက်လေယာဉ် များအား စစ်ရေးပြ အခမ်းအနား တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က အမေရိကန် နိုင်ငံ မှ တိုက်လေယာဉ် သည် ဆီးရီးယား အစိုးရ တပ်ဖွဲ့ မှ လေယာဉ် တစ်စင်းကို ပစ်ချခဲ့သည့် အတွက် ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် ချုပ်ဆိုခဲ့သည့် ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်းလုံခြုံရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို ရပ်ဆိုင်းလိုက်ပြီး ဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန က အမေရိကန် နိုင်ငံ သည် အကြမ်းဖက် တိုက်ဖျက်ရေး ဆိုသည့် ခေါင်းစဉ် ဖြင့် ဆီးရီးယား အစိုးရ တပ်ဖွဲ့ ကို အကြိမ်ကြိမ် တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ကြောင်း ၊ ယင်းကဲ့သို့ဆောင်ရွက် ခြင်းသည် ဆီးရီးယား နိုင်ငံ ၏ အချုပ်အခြာ အာဏာ ကို ကြမ်းတမ်းစွာ ချိုးဖောက်ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေ ကိုလည်း ချိုးဖောက်ရာ ရောက်ကြောင်း ၊ အမေရိကန် နိုင်ငံ မှ ဆီးရီးယား အစိုးရ တပ်ဖွဲ့ ၏ လေယာဉ် ကို မပစ်ချမီ ရုရှား နိုင်ငံ နှင့် ဆက်သွယ်မှု လမ်းကြောင်းမှ တစ်ဆင့် အကြောင်းကြား ခဲ့ခြင်း မရှိခဲ့ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် သက်ဆိုင်ရာ အဖွဲ့အစည်း တို့မှ ယခု အဖြစ်အပျက် ကို စုံစမ်းကာ ရလဒ် ကို ထုတ်ဖော်ကြေညာရန် တောင်းဆိုကြောင်း ပြောကြား ခဲ့သည်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန က ရှေ့ဆက်၍ ဆီးရီးယား နိုင်ငံ အခြေစိုက် ရုရှား တပ်ဖွဲ့ အနေဖြင့် အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့၏ လေယာဉ် အားလုံး အား ရုရှား ကာကွယ်ရေး တပ်ဖွဲ့ မှ လက်နက်များ၏ စောင့်ကြည့်မှု ပစ်မှတ်အဖြစ် ထားရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ရုရှား နိုင်ငံ ကာကွယ်ရေး နှင့် လုံခြုံရေး ကော်မတီ ပထမ ဒုတိယ ဥက္ကဋ္ဌ က ရုရှား နိုင်ငံ အနေဖြင့် မည်သည့် အချိန် မှ ဆီးရီးယား နိုင်ငံ လေပိုင်နက် အတွင်းရှိ ပျံသန်း နေသည့် အရာဝတ္ထု တို့ကို အကြောင်းမဲ့ ပစ်ချမည် မဟုတ်ကြောင်း ၊ အမေရိကန် တပ်ဖွဲ့ မှ တိုက်လေယာဉ် များအနေဖြင့် ကျူးကျော်မှု ဆန်သည့် လုပ်ရပ်များ ထပ်မံဆောင်ရွက် လာပါက ရုရှား တပ်ဖွဲ့အနေဖြင့် ခိုင်မြဲ စွာ တားမြစ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု ဖော်ပြခဲ့သည်။

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့က ဆီးရီးယား နိုင်ငံ မှ တိုက်လေယာဉ် တစ်စင်းသည် အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့ ၏ ပစ်ချမှု ကို ခံခဲ့ရကြောင်း ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ လ တွင် ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်း လုံခြုံမှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို လက်မှတ်ရေး ထိုးခဲ့ကြပြီး ဆီးရီးယား နိုင်ငံ ဝေဟင် အတွင်း လေကြောင်းလုံခြုံမှု ရရှိရန် ဆောင်ရွက် ခဲ့ကြသည်။ အမေရိကန် နိုင်ငံ မှ ဆီးရီးယား အစိုးရ တပ်ဖွဲ့ ၏ လေတပ် စခန်းကို ဒုံးကျည်များ ဖြင့် တိုက်ခိုက်ခဲ့စဉ် က ယင်း သဘောတူညီမှု ကို ရပ်ဆိုင်းခဲ့ဖူးပြီး သီတင်းပတ် အနည်းငယ် ကြာပြီး နောက်တွင် ပြန်လည် လက်ခံခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.