Connect with us

Europe

ပါရီမြို့တွင် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် ကားတစ်စီး က ရဲကားအား ဝင်တိုက်ပြီး ကားမောင်းသူ သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးပြောကြား

ပါရီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ မြို့တော် ပါရီမြို့ရှိ Champs-Elysees ရိပ်သာလမ်းတွင် ဇွန်လ ၁၉ ရက်က ကားတစ်စီးသည် ရဲကားတစ်စီးအား ဝင်တိုက်ခဲ့ပြီးနောက် မီးလောင်ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Gerard Collomb က ပြောကြားခဲ့သည်။

Collomb က ရဲကားအား ဝင်တိုက်ခဲ့သည့် ကားမှာ ပေါက်ကွဲသွား၍ ကားမောင်းသူ သေဆုံးသွားခဲ့ပြီး လက်နက်များ နှင့် ဖောက်ခွဲရေးပစ္စည်းများကိုလည်း ကားအတွင်း ၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော်တို့ရဲ့ လုံခြုံရေး တပ်ဖွဲ့ကို ထပ်မံပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် ခြိမ်းခြောက်မှုဟာ အလွန်တရာ ကြီးမားပါတယ်” ဟု တွစ်တာ၌ရေးသားခဲ့သည်။

ပါရီမြို့ သမ္မတနန်းတော်အနီးရှိ ရဲကားတစ်စီးအား အမျိုးသားတစ်ဦးက ၎င်း၏ ကားဖြင့် ဒေသစံတော်ချိန် ၁၅း၄၀နာရီတွင် ဝင်တိုက်ခဲ့ကြောင်း နှင့် ကားပေါ်ရှိ ဂတ်စ်အိုး မှတစ်ဆင့် ၎င်း၏ကား မီးစတင်လောင်ကျွမ်းခဲ့သည်ဟု ယူဆရကြောင်း BFMTV သတင်းရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားရာ Champs-Elysees ရိပ်သာလမ်း၌ ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်စောင့်ကြပ်နေစဉ် (ဆင်ဟွာ)

အခင်းဖြစ်ပွားရာ Champs-Elysees ရိပ်သာလမ်း၌ ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်စောင့်ကြပ်နေစဉ် (ဆင်ဟွာ)

မီးလောင်ပျက်စီးသွားသည့် တရားခံ၏ ကားအားတွေ့ရစဉ် (ဆင်ဟွာ)

အခင်းဖြစ်ပွားရာ Champs-Elysees ရိပ်သာလမ်း၌ ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်စောင့်ကြပ်နေစဉ် (ဆင်ဟွာ)

အသက် ၃၁နှစ်အရွယ် ကားမောင်းသူ သည် လက်နက်ကိုင်ဆောင်ထားပြီး ၎င်းအား ရဲတပ်ဖွဲ့က ရေဒါတွင် ဖမ်းယူသိရှိထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ပြောရေးဆိုခွင့်ရှိသူ Pierre-Henry Brandet က ယင်းဖြစ်ရပ်သည် မိမိဆန္ဒအလျောက် လုပ်ဆောင်သည့် လုပ်ရပ်တစ်ခု ဖြစ်ပုံရကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းဖြစ်ရပ်ကြောင့် အခြားသေဆုံးသူ မရှိကြောင်း သိရပြီး ပါရီမြို့ရှေ့နေရုံး၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဋ္ဌာန က ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ပါရီမြို့ရှိ Notre Dame ဘုရားရှိခိုးကျောင်းအပြင်ဘက်တွင် PhD ကျောင်းသားတစ်ဦးက ဆီးရီးယားစစ်ပွဲ အတွက် လက်စားချေသည့်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များအား တူဖြင့် တိုက်ခိုက်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် Champs-Elysees ရိပ်သာလမ်း တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.