Connect with us

Europe

ပြင်သစ် ရဲတပ်ဖွဲ့မှ ပဲရစ် ဆင်ခြေဖုံးရပ်ကွက် စီးနင်းဝင်ရောက်မှုအတွင်း ပဲရစ် အကြမ်းဖက်မှု ခေါင်းဆောင် အား အသေဖမ်းဆီးရမိ ကြောင်း တရားလို ရှေ့နေမှပြောကြား

ပဲရစ်မြို့ ဆင်ခြေဖုံး ရပ်ကွက်၌ အိုင်အက်စ် အကြမ်းဖက် ခေါင်းဆောင်အား အသေရမိခဲ့သော ပြင်သစ်ရဲ တပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှု တစ်ခု အား နိုဝင်ဘာလ ၁၈ ရက် က ပြုလုပ်အပြီးတွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပဲရစ် အကြမ်းဖက်မှုအား ကြိုးကိုင် စီစဉ်သည်ဟု သံသယရှိသူ Abdelhamid Abaaoud အား ပြင်သစ် ရဲတပ်ဖွဲ့မှ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပဲရစ် ဆင်ခြေဖုံးရပ်ကွက် တစ်ခု၌ စီးနင်း ဝင်ရောက်မှု အတွင်း အသေ ဖမ်းဆီး ရရှိခဲ့ခြင်းအား တရားဝင် အတည်ပြု ကြောင်း ပဲရစ် တရားလို ရှေ့နေ ရုံးမှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ကြေညာ ခဲ့ကြောင်း သိရသည်။

Abdelhamid Abaaoud ဖြစ်ကြောင်း လက်ဗွေရာချင်း နှိုင်းယှဉ်ပြီးနောက် အတည်ပြု နိုင်ခဲ့ပြီး စီးနင်းမှု အတွင်း သတ်ဖြတ် နိုင်ခဲ့ကြောင်း ပဲရစ် တရားလို ရှေ့နေ့ ဖရန်ဆွာ မော်လင်းစ် ကပြောကြားခဲ့သည်။

စီးနင်းမှုအား နိုဝင်ဘာလ ၁၈ ရက်နေ့ အစောပိုင်း၌ Abdelhamid Abaaoud၏ တည်နေရာကို ပြင်သစ် ရဲတပ်ဖွဲ့ သည် သတင်း အရင်းအမြစ်များမှ သိရှိပြီးနောက် ပဲရစ်မြို့ မြောက်ပိုင်း ရှိ စိန့်ဒန်းနစ် ဆင်ခြေဖုံး ရပ်ကွက်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Abdelhamid Abaaoud သည် မော်ရိုကို နွယ်ဖွား ဘယ်လ်ဂျီယံ နိုင်ငံသား ဂျီဟတ် တစ်ဦးဖြစ်ပြီး လူပေါင်း ၁၂၉ ယောက် အနည်းဆုံး သေဆုံးခဲ့သည့် ပဲရစ် အကြမ်းဖက်မှု အား နောက်ကွယ်မှ ကြိုးကိုင်သူ အဖြစ် ယုံကြည်ခံထားရသူ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.