Connect with us

Europe

ပြင်သစ် နိုင်ငံ က နျူကလီးယား လေယာဉ်တင် သင်္ဘော အား IS အကြမ်းဖက် တပ်ဖွဲ့ကို အမြန်ဆုံး ချေမှုန်း တိုက်ခိုက်ရန် စေလွှတ်

ပြင်သစ် နိုင်ငံ ရေတပ် မှ “Charles De Gaulle” နျူကလီးယား လေယာဉ်တင် သင်္ဘောအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- French Navy )

ပဲရစ် ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ ရေတပ် မှ “Charles De Gaulle” နျူကလီးယား လေယာဉ်တင် သင်္ဘောအား နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြင်သစ် နိုင်ငံ Toulon ဆိပ်ကမ်းမှ နိုဝင်ဘာ ၁၈ ရက် နေ့ခင်းပိုင်းတွင် IS အကြမ်းဖက် တပ်ဖွဲ့အား အမြန်ဆုံး ချေမှုန်း တိုက်ခိုက် နိုင်ရန် အတွက် စတင် ထွက်ခွာ သွားခဲ့ကြောင်း သိရှိခဲ့ရသည်။

“Charles De Gaulle” နျူကလီးယား လေယာဉ်တင် သင်္ဘော တွင် စုစုပေါင်း လေယာဉ် ၂၆ စင်း တင်ဆောင်သွား ခဲ့ပြီး ၎င်းတို့အနက် ၁၈ စင်းသည် တိုက်လေယာဉ် များဖြစ်ကာ စူပါ ဖလပ် တိုက်လေယာဉ် ၈ စင်း ပါဝင်ကြောင်း သိရှိရသည်။

ယင်း နျူကလီးယား လေယာဉ် တင် သင်္ဘော ကပ္ပတိန်က သတင်းဌာန များ၏ မေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် ယခု “Charles De Gaulle” နျူကလီးယား လေယာဉ်တင် သင်္ဘော စေလွှတ်ရန် ပြင်သစ် နိုင်ငံ သမ္မတ မှ ပြောကြား ခဲ့ခြင်း ဖြစ်ပြီး လာမည့် ရက်အနည်းငယ် နောက်ပိုင်းတွင် ကျွန်တော်တို့ လေယာဉ်တင် သင်္ဘောက ပြင်သစ် နိုင်ငံ ဆင်နွှဲနေသော တိုက်ပွဲအတွက် အထောက်အကူ များစွာ ပြုနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံ ပဲရစ် မြို့တွင် နိုဝင်ဘာ ၁၃ ရက်နေ့၌ IS အကြမ်းဖက် တပ်ဖွဲ့၏ တိုက်ခိုက်မှု များကို ခံခဲ့ရပြီး စုစုပေါင်း ၁၂၉ ဦး သေဆုံးကာ ၃၅၂ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားစေ ခဲ့သည်။ နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ပြင်သစ် နိုင်ငံ အနေဖြင့် IS အကြမ်းဖက် တပ်ဖွဲ့ တို့၏ အခြေစိုက် စခန်းများ နှင့် အရေးပါသော နေရာ များအား ဆက်တိုက် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.