Connect with us

Europe

ဗြိတိန်ဝန်ကြီးချုပ်၏ လွှတ်တော်ရပ်ဆိုင်းမှုကို တရားလက်လွတ်ပြကျင့်မှုအဖြစ် စကော့တလန် တရားရုံး ဆုံးဖြတ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ လွှတ်တော်အဆောက်အဦအရှေ့တွင် သြဂုတ် ၂၈ ရက်က ဆန္ဒပြနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ လွှတ်တော်ရပ်ဆိုင်းရန် တောင်းဆို လုပ်ဆောင်ခဲ့မှုသည် တရားလက်လွတ်ပြုကျင့်ခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံ စကော့တလန် အဆင့်မြင့် တရားရုံးက စက်တင်ဘာ ၁၁ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုမတိုင်မီကလည်း ဗြိတိန်အောက်လွှတ်ကိုယ်စားလှယ် ၇၀ ကျော်ပါဝင်သည့်အဖွဲ့က ဘောရစ်ဂျွန်ဆင်၏ လွှတ်တော်ရပ်ဆိုင်းမှုကို တရားလက်လွတ်ပြုကျင့်ခြင်းအဖြစ် စကော့တလန် အဆင့်မြင့်တရားရုံး တွင် စွဲချက်တင်ခဲ့သော်လည်း ၎င်းမှာနိုင်ငံရေးဆုံးဖြတ်ချက်ဖြစ်သောကြောင့် တရားရုံးမှ စီရင်ဆုံးဖြတ်ရန်မသင့်ဟုဆိုကာ ပယ်ချခဲ့သည်။

အဆိုပါတရားစွဲဆိုချက်ကို စက်တင်ဘာ လဆန်းတွင် စကော့တလန် အဆင့်မြင့် တရားရုံးသို့ ထပ်မံအယူခံဝင်ခဲ့ရာ တရားရုံးမှ ထပ်မံစစ်ဆေးပြီး စက်တင်ဘာ ၁၁ ရက်တွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားရုံး၏ဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်မိကြောင်း ၊ ဗြိတိန် တရားရုံးချုပ်ကို ဆက်လက် အယူခံဝင်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် သြဂုတ် လကုန်တွင် လွှတ်တော် ဆိုင်းငံ့ရန် တောင်းဆိုခဲ့ရာ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် II ထံမှ ခွင့်ပြုချက် ရရှိခဲ့သဖြင့် လွှတ်တော်ကို စက်တင်ဘာ ၁၀ ရက် မှစ၍ အောက်တိုဘာ ၁၄ ရက်အထိ ရပ်ဆိုင်းခဲ့သည်။ ထိုကာလသည် အောက်တိုဘာ လကုန် Brexit အချိန်နှင့် လဝက်ခန့်သာလိုတော့ခြင်းကြောင့် ဗြိတိန်အစိုးရနှင့်ပြည်သူများက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ သဘောတူညီချက်မရှိ ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ခြင်း(Brexit) လုပ်ဆောင်ရာတွင် လွှတ်တော်က တားဆီးမှု မပြုနိုင်ရန် ဘောရစ်ဂျွန်ဆင်က ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.