Connect with us

Europe

ဘရာဇီးနိုင်ငံရှိ ဆေးရုံ မီးလောင်မှုကြောင့် လူ ၁၁ ဦးသေဆုံး

ဘရာဇီးဆေးရုံ မီးလောင်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံ မီးလောင်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ဒေသခံအာဏာပိုင်များက သတင်းထုတ်ပြန်သည်။

အဆိုပါ မီးလောင်သေဆုံးသူများသည် ဆေးရုံ၏ သက်ကြီးရွယ်အိုများ အထူးကြပ်မတ်ဆောင်မှ လူနာများဖြစ်ပြီး ယင်းတို့သည် အသက်ရှုကြပ်ကာ သေဆုံးခဲ့ကြောင်း၊ သေဆုံးသူထဲတွင် ၉၃နှစ် အရွယ် သက်ကြီးရွယ်အို တစ်ဦးပင် ပါဝင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ခံစားရရှိသူများရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ မီးလောင်နေစဉ်အတွင်း လွှှတ်မြောက်ရန် ကြိုးစားခဲ့သော အမျိုးသမီးတစ်ဦး၏ ခြေချင်းဝတ်များ ကျိုးခဲ့ကြောင်း သိရသည်။

မီးက Badim ဆေးရုံတွင် စက်တင်ဘာ ၁၂ ရက် ည ၆နာရီ၃၀တွင် စတင် လောင်ကျွမ်းခဲ့ပြီး အချိန်အတော်ကြာစွာ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့ပြီးနောက်ပိုင်း ဆေးရုံမှ လူနာများကို အခြား ဆေးရုံ ၉ ရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဆေးရုံအတွင်း မီးလောင်ကျွမ်းနေစဉ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း လူနာများ၊ လူနာများ၏ ဆွေမျိုးများနှင့် ဆေးရုံဝန်ထမ်းများက လူနေရပ်ကွက်အတွင်း တည်ရှိသော ဆေးရုံ အဆောက်အဦတွင် ပိတ်မိကျန်ရစ်ခဲ့ကြောင်း သိရသည်။

မီးသတ်သမားများ အစီရင်ခံစာအရ ဆေးရုံ၏ ပြတင်းပေါက် ဝက်အူရစ်များကြောင့် မီးသတ်ရာတွင် အခက်အခဲပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား စုံစမ်းစစ်ဆေးရာတွင် ကနဦးသတင်းအရ မီးစက် ဆားကစ်ပြားကြောင့်ဟု သိရပြီး မီးလောင်ကျွမ်းရသည့် အသေးစိတ်ကို ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

မီးလောင်ကျွမ်းစဉ် Badimဆေးရုံတွင် လူနာ ၁၀၃ ဦးနှင့် ဆေးရုံဝန်ထမ်း စုစုပေါင်း ၂၂၄ ဦး ရှိကြောင်း သိရသည်။(Xinhua)