Connect with us

Europe

မော်လ်တာစစ်တပ်က ရွှေ့ပြောင်းသွားလာသူ ၇၆ ဦး ကို ကယ်တင်ခဲ့

မော်လ်တာစစ်တပ်က ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဗယ်လက်တာ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ရွှေ့ပြောင်းသွားလာသူ ၇၆ ယောက်ပါဝင်သည့် အဖွဲ့တစ်ခုကို မော်လ်တာစစ်တပ်က ကယ်ဆယ်ပြီး၊ ဇူလိုင် ၂၅ ရက် နေ့လယ်တွင် ရေတပ်အခြေစိုက်စခန်း သို့ခေါ်ဆောင်ကာကမ်းတက်ခွင့်ပြုခဲ့ကြောင်းသိရသည်။

စက်လှေဖြင့်ရွှေ့ပြောင်းသွားလာကြသော ရွှေ့ပြောင်းသွားလာသူတို့ ဘေးဒုက္ခရောက်နေစဉ်အချိန်အတွင်း မော်လ်တာ တပ်ဖွဲ့များက ရှာဖွေခြင်း နှင့် ကယ်ဆယ်ခြင်းတို့ကို ဆောင်ရွက်ပြီး ၎င်းတို့ကို ရေတပ်အခြေစိုက်စခန်းသို့ ညနေ ၆နာရီဝန်းကျင်တွင် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုရွှေ့ပြောင်းသွားလာကြသော သူများသည် အားလုံးအမျိုးသားဖြစ်ပြီး တောင်ဆူဒန်၊ဂီနီ နှင့်ဂါနာ နိုင်ငံများမှ ဖြစ်ကြောင်း မော်လ်တာစစ်တပ်မှ သိရသည်။ This is the second time in July that a vessel with migrants has arrived on Maltese shores. မော်လ်တာကမ်းခြေ သို့ သင်္ဘောတစ်စီးနှင့် ရွှေ့ပြောင်းသွားလာသူများ ရောက်ရှိခဲ့ခြင်းသည် ဇူလိုင်တွင် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။ ယခုလအစောပိုင်းတွင်လည်း ကလေးတစ်ယောက်အပါအဝင်ရွှေ့ပြောင်းသွားလာသူ ၄၄ ဦးကို မော်လ်တာနိုင်ငံက ပင်လယ်ထဲမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.