Connect with us

Europe

ယူကရိန်းအပေါ် ပိတ်ပင်တားဆီးမှုများ ပြုလုပ်ရန် ရုရှားသမ္မတ ပူတင် အမိန့်ပေး

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံအပေါ် အဖျက်သဘောဆောင်သော လုပ်ရပ်များကို ပြုလုပ်နေသည့် ယူကရိန်းနိုင်ငံသားများ နှင့် တရားဝင်လုပ်ငန်းများစာရင်းကို စုဆောင်းရန် အစိုးရအား ညွှန်ကြားသည့် အမိန့်စာတစ်စောင်အား အောက်တိုဘာ ၂၂ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ အမိန့်စာအား တရားဝင် သတင်းအချက်အလက်များဆိုင်ရာ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီး ယင်းစာရင်းပါ လူပုဂ္ဂိုလ်များ နှင့် လုပ်ငန်းများအပေါ် စီးပွားရေးဆိုင်ရာ ပိတ်ပင်တားမြစ်မှုများ ချမှတ်ရန်အတွက်လည်း အစိုးရအား ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံသည် နိုင်ငံတကာဥပဒေကို ဆန့်ကျင်၍ အဖျက်သဘောဆောင်သော လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း၊ ရုရှားနိုင်ငံသားများ နှင့် တရားဝင်လုပ်ငန်းများအပေါ် တင်းကြပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါ အမိန့်စာအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံ အကြား ဆက်ဆံရေးသည် Crimea ကျွန်းဆွယ် အရေးကိစ္စ နှင့် ယူကရိန်းအရှေ့ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ၂၀၁၄ခုနှစ်မှစ၍ ဆိုးရွားလာခဲ့သည်။ ထိုအချိန်မှစ၍ ယူကရိန်းဘက်မှ ရုရှားအပေါ် အမျိုးမျိုးသော ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)