Connect with us

Europe

ယူကရိန်း နိုင်ငံ အစိုးရ က အရပ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း ထိန်းချုပ်ထားသည့် ဒေသ သို့ ကုန်စည် ပို့ဆောင်မှု ကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာ

ယူကရိန်း နိုင်ငံ အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေး ကော်မတီ အတွင်းရေးမှူး Oleksandr Turchynov အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကီအက်ဗ် ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ယူကရိန်း နိုင်ငံ အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေး ကော်မတီ အတွင်းရေးမှူး Oleksandr Turchynov က မတ်လ ၁၅ ရက်နေ့၌ အရေးပေါ် ကော်မတီ အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး ယူကရိန်း နိုင်ငံ အစိုးရ အနေဖြင့် အရပ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း တို့မှ ထိန်းချုပ်ထားသည့် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ သို့ ကုန်စည် ပို့ဆောင်မှု အားလုံးကို ဖြက်တောက် လိုက်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

Turchynov က ယခု ကဲ့သို့ အရပ်ဘက် အဖွဲ့အစည်း ထိန်းချုပ်ထားသည့် ဒေသ နှင့် ကုန်စည် ပို့ဆောင်မှု ဖြက်တောက် လိုက်ခြင်းသည် ယင်းဒေသ ရှိလုပ်ငန်းများကို လက်နက်ကိုင် အဖွဲ့အစည်းတို့က ထိန်းချုပ်ကိုင်တွယ်နေခြင်း နှင့် ရုရှား နိုင်ငံ မှ လက်နက်ကိုင် အဖွဲ့ ၏ ထိုဒေသ အတွက် ထုတ်ဝေပေးသည့် ယာယီ အမျိုးသား မှတ်ပုံတင် ကို လက်ခံခဲ့သည့် အတွက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Turchynov က ယူကရိန် ပြည်ထဲရေး ဌာန မှ ယူကရိန်း နိုင်ငံ ၏ စွမ်းအင်ပိုင်းဆိုင်ရာ နှင့် သတ္တုထုတ်လုပ်မှု လုပ်ငန်းများ ဆိုင်ရာ ပုံမှန် လည်ပတ် နိုင်ရန် အတွက် မူဝါဒ ချမှတ် ကိုင်တွယ်သည့် လုပ်ငန်းဆောင်ရွက်မှု အဖွဲ့ ကို ဖွဲ့စည်းခဲ့ကြောင်း ၊ ကုန်စည် ပို့ဆောင်မှု ဖြက်တောက်ခဲ့သည့် အတွက် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှု များကို လေ့လာဆန်းစစ်ပြီး အနည်းဆုံး သတ်ရောက်မှု ဖြစ်ပွားအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ သက်ဆိုင်ရာ ဒေသများ၏ ကုန်စည်ပို့ဆောင်မှုများသည် မတ်လ ၁၅ ရက် နေ့လည် ၁ နာရီ အချိန်မှ စ၍ အလုံးစုံ ရပ်ဆိုင်းသွားခဲ့ပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း ပ့ိုဆောင်မှု သာ ကျန်ရှိတော့ကြောင်း ဖော်ပြခဲ့ကြသည်။

၂၀၁၄ ခုနှစ် ဧပြီလ တွင် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း၌ လက်နက်ကိုင် ပဋိပက္ခ စတင်ဖြစ်ပွား ခဲ့ပြီး စက်တင်ဘာ လပိုင်းတွင် ယူကရိန်း ပြဿနာ ဆိုင်ရာ ၃ နိုင်ငံ ဆက်သွယ်ရေး အဖွဲ့ နှင့် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း အရပ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း တို့မှ Minsk အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် တိုက်ပွဲများမှာ ရပ်ဆိုင်းသွားခြင်း မရှိသောကြောင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လပိုင်းတွင် Minsk သဘောတူညီမှု စာချုပ်သစ် ကို ထပ်မံ ချုပ်ဆိုခဲ့ကြပြီး ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ အုပ်ချုပ်မှု ဆိုင်ရာ သဘောတူညီချက်များ ရရှိခဲ့သော်လည်း စာချုပ်ပါ အချက်အလက် များကိုမှု လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.