Connect with us

Europe

အိုင်ယာလန် နိုင်ငံ မှ ကယ်ဆယ်ရေး ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွား

အိုင်ယာလန် နိုင်ငံ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ မှ S-92 အမျိုးအစား ရဟတ်ယာဉ် တစ်စင်းအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒပ်ဘလင် ၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)

အိုင်ယာလန် နိုင်ငံ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ၏ ကယ်ဆယ်ရေး ရဟတ်ယာဉ် တစ်စင်းသည် မတ်လ ၁၄ ရက်နေ့၌ နိုင်ငံ၏ အနောက်ပိုင်း County Mayo ပင်လယ်ပြင် တွင် တာဝန် ထမ်းဆောင် အပြီး အပြန်လမ်း တွင် ပျက်ကျမှု ဖြစ်ပွား ခဲ့ပြီး ရဟတ်ယာဉ် ပေါ်တွင် လူ ၄ ဦး လိုက်ပါသွားခဲ့ရာ တစ်ဦး သေဆုံး ခဲ့ပြီး ကျန် ၃ ဦးမှာ လက်ရှိချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ယခု ပျက်ကျ ခဲ့သည့် ရဟတ်ယာဉ် သည် S-92 အမျိုးအစား R116 ရဟတ်ယာဉ် ဖြစ်ကြောင်း ၊ ဒေသစံတော်ချိန် နံနက်ပိုင်း တစ်နာရီ အချိန်ခန့်တွင် လုပ်ငန်း တာဝန် ထမ်းဆောင်နေစဉ် အတွင်း အဆက်အသွယ် ပြတ်တောက် သွားခြင်း ဖြစ်ကြောင်း ဖော်ပြ ခဲ့ကြသည်။

ရဟတ်ယာဉ် ပျက်ကျမှု အပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဟတ်ယာဉ် ပေါ်၌ လိုက်ပါသွားခဲ့သည့် ယာဉ်မောင်းသူအမျိုးသမီး ကို ပြင်းထန်သည့် ဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံ သို့ ပို့ဆောင်ခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ရကြောင်း ၊ ကယ်ဆယ်ရေး သမားများ အနေဖြင့် ရဟတ်ယာဉ် ပျက်ကျရာ အနီးတစ်ဝိုက်တွင် ပျောက်ဆုံးနေသူများအား ဆက်လက် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

အိုင်ယာလန် နိုင်ငံ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ မှ အရာရှိ တစ်ဦး၏ ပြောကြားချက်အရ အခင်းဖြစ်ပွားခဲ့ချိန်တွင် ရာသီဥတုအနေဖြင့် သာမန် ရာသီဥတု ဖြစ်ခဲ့ပြီး ရဟတ်ယာဉ် ပျက်ကျ ခဲ့သည့် အချိန်တွင်လည်း ကူညီမှု တောင်းခံသည့် အချက်ပေးမှု ကိုမရရှိခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ရဟတ်ယာဉ် အစိတ်အပိုင်း အချို့ကို ဆယ်ယူခဲ့သော်လည်း ရဟတ်ယာဉ် ၏ Black Box ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.