Connect with us

Europe

ရုရှား နိုင်ငံ လုပ်ငန်း ကုမ္ပဏီ က အမေရိကန် နိုင်ငံ အား ဒုံးကျည် တွန်းအားပေး ကိရိယာ ဆက်လက် ထောက်ပံ့လိုကြောင်း ထုတ်ပြန်

မော်စကို ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အာကာသ လုပ်ငန်း ကုမ္ပဏီ (Roscosmos ) ဥက္ကဋ္ဌ Dmitry Rogozin က အမေရိကန် နိုင်ငံ နှင့် ဒုံးကျည်တွန်းအားပေး ကိရိယာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ တွင် အမေရိကန် နိုင်ငံ မှ ဆက်လက်ပူးပေါင်းလိုပါက ရုရှား နိုင်ငံ အနေဖြင့် ထောက်ပံ့မှု ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

Rogozin က အဆင့်မြင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ သည် ရုရှား နှင့် အမေရိကန် နိုင်ငံ အစိုးရ တို့မှ စဉ်ဆက် ထောက်ခံအားပေးခဲ့သည့် ကဏ္ဍ တစ်ရပ်ဖြစ်ပြီး ပိတ်ဆို့အရေးယူမှု မှ သက်ရောက်မှု မဖြစ်ပေါ် သင့်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသွားလိုပြီး အမေရိကန် နိုင်ငံ မှ လိုအပ်ပါက ဒုံးကျည် တွန်းအားပေး ကိရိယာ ကို ဆက်လက် ထောက်ပံ့ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က သြဂုတ်လ ၂၇ ရက် ၌ ရုရှား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု အသစ် တစ်ရပ် ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။ အသစ် ထုတ်ပြန် ခဲ့သည့် ပိတ်ဆို့ အရေးယူမှု တွင် နှစ်နိုင်ငံ အစိုးရ အကြား ပူးပေါင်းဆောင်ရွက်သည့် အာကသ ပူးပေါင်းဆောင်ရွက်မှု နှင့် စီးပွားဖြစ် အာကာသ ဒုံးကျည် လွှတ်တင်ခြင်း လုပ်ငန်းများ ပါဝင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ အနေဖြင့် ၁၉၉၇ ခုနှစ် မှ စတင်၍ ရုရှား နိုင်ငံ မှ RD-180 ဒုံးကျည် တွန်းအား ကိရိယာ ဝယ်ယူရေး ဆိုင်ရာ စာချုပ်ချုပ်ဆိုခဲ့ပြီး Atlas အမျိုးအစား ဒုံးကျည် လွှတ်တင်ရာ တွင် အသုံးပြုခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.