Connect with us

Europe

သြစတြေးလျနိုင်ငံရှိ ကျောင်းတစ်ကျောင်းတွင် လူအများ တုပ်ကွေးရောဂါဖြစ်ပွားပြီးနောက် ကျောင်းသား ၂၀၀ ဖျားနာ

စာသင်ခန်းအတွင်း နှာခေါင်းအုပ်၍ နှာချေနေသော ကျောင်းသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ကွင်းစ်လန်း အခြေခံပညာကျောင်းတစ်ကျောင်းတွင် ကျောင်းသား ၂၀၀ နီးပါးနှင့် ဆရာ၊ ဆရာမ ၁၅ ဦးတို့ ဖျားနာပြီးနောက် စာသင်ခန်းများကို သန့်ရှင်းရေးပြုလုပ်ရန် အထူးသန့်ရှင်းရေးဝန်ထမ်း တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း သိရသည်။

Middle Park School ကျောင်းတွင် ကျောင်းသား သုံးပုံတစ်ပုံ ကျောင်းပျက်သည့်ကြားမှ ကျောင်းကို ဖွင့်ထားဆဲဖြစ်သော်လည်း မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို “ရောဂါအပြင်းအထန်ဖြစ်ပွားမှု” ပြီးချိန်အထိ နေအိမ်၌ပင် ထိန်းသိမ်းထားရှိရန် ကျောင်းအုပ်ကြီး Anne Kitchin က တိုက်တွန်းထားသည်။

“ကျန်းမာရေးဌာနက တုပ်ကွေးနှင့်တူသော ရောဂါလက္ခဏာရှိတဲ့ ကျောင်းသားတွေကို အိမ်မှာပဲ ထားဖို့နဲ့ သူတို့တွေကို ရောဂါလက္ခဏာတွေမရှိတဲ့အချိန်ထိ ကျောင်းမပို့ဘဲထားကြဖို့ အလေးထားပြောထားပါတယ်” ဟု ၎င်းက ဆိုသည်။

တုပ်ကွေးရောဂါ အဆင့် A နှင့် B ဟုယူဆရပြီး စာသင်ကျောင်းအနေဖြင့် တုပ်ကွေးရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ရန် လုပ်နိုင်သမျှအားလုံးကို လုပ်ဆောင်နေကြောင်းနှင့် “လာမယ့်နေ့တွေမှာ ကျောင်းအဆောက်အအုံအတွင်း တစ်ကိုယ်ရည်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးတွေ ထပ်တိုးလုပ်ဆောင်ဖို့ရှိကြောင်း” ကွင်းစ်လန်း ပညာရေးဌာနက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.