Connect with us

Europe

တူရကီ ကမ်းရိုးတန်းပြင်ပတွင် လှေနစ်မြုပ် လူ ၆ ဦးသေ၊ ၁ ဦးပျောက်ဆုံး

အေဂျီယံပင်လယ်အတွင်း နစ်မြုပ်နေသည့် လှေတစ်စင်းအား ကယ်ဆယ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အေဂျီယံ ကမ်းရိုးတန်းပြင်ပတွင် ဇူလိုင်လ ၂၉ ရက်က လှေတစ်စင်းနစ်မြုပ်မှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၁ ဦးပျောက်ဆုံးနေကြောင်း ဒေသခံ မီဒီယာက သတင်းဖော်ပြခဲ့သည်။

နိုင်ငံပိုင် Anadolu agency အရ တူရကီနိုင်ငံ အနောက်ပိုင်း Balikesir ပြည်နယ် Ayvalik ခရိုင်အနီး၌

တူရကီနိုင်ငံမှ တရားမဝင်ထွက်ခွာ၍ ဂရိနိုင်ငံ Lesbos ကျွန်းသို့ သွားရာ လမ်းကြောင်းတွင် လူ ၁၆ ဦးကို တင်ဆောင်လာသော လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ လူအုပ်စုတွင် တူရကီအစိုးရက တရားမဝင် ကွန်ရက်အဖြစ် သတ်မှတ်ထားသည့် အမေရိကန် အခြေစိုက် ဖာသူလ်လာ ဂူလန် (Fethullah Gulen) ဦးဆောင်သော အဖွဲ့ဝင်များပါဝင်ကြောင်း သံသယရှိသူများ ပါဝင်သည်။ ဂူလန်သည် ၂၀၁၆ ခုနှစ်က သမ္မတ ရီဆက်ပ် တေရစ်ပ် အာဒိုဂန်အား ဖြုတ်ချ အာဏာသိမ်းရန် ကြိုးပမ်းမှုအား ကြိုးကိုင်သူအဖြစ် စွပ်စွဲခံထားရပြီး ယင်းအချက်ကို ဂူလန်က ငြင်းဆိုထားသည်။

လှေတိမ်းမှောက်မှုမှ လူ ၉ ဦးကို ကယ်ဆယ်ထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး Gokhan Gorguluarslan ၏ ပြောကြားချက်အား ကိုးကား၍ သတင်းက ဖော်ပြထားသည်။ ပျောက်ဆုံးနေသူများအား ကယ်ဆယ်ရေးရေး လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.