Connect with us

Europe

သြစတြေးလျနိုင်ငံ တိရစ္ဆာန်ရုံရှိ ကမ္ဘာ့အသက်အကြီးဆုံး လူဝံကြီး သေဆုံး

အသက် ၆၂ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး လူဝံကြီး Puan အား တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ အနောက်ပိုင်း Perth တိရစ္ဆာန်ရုံရှိ အသက် ၆၂ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး လူဝံကြီး Puan သည် ဇွန်လ ၁၈ ရက်က သေဆုံးသွားခဲ့ကြောင်း သိရသည်။

၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့ဟန်တူသော ဆူမားတြားလူဝံမျိုးစိတ် အမကောင်သည် သက်တမ်းအရအလွန်ကြီးမြင့်လာချိန်တွင် ကျန်းမာရေး လျင်မြန်စွာ ကျဆင်းလာခဲ့ပြီးနောက် ၎င်းအား ဝေဒနာမခံစားရစေရန် ဆေးဖြင့် ကွယ်လွန်စေခဲ့ခြင်းဟု သိရသည်။

အဆိုပါ လူဝံကြီးသည် တိရစ္ဆာန်ရုံ၏ လူစိတ်ဝင်စားမှုတစ်ခုဖြစ်ပြီး ကြေကွဲဝမ်းနည်းနေသော ဧည့်သည်များနှင့် တိရစ္ဆာန်ရုံဝန်ထမ်းများက စုဝေးကာ ဂုဏ်ပြုပေးခဲ့ကြသည်။

“သူက Perth တိရစ္ဆာန်ရုံအတွက် သူရဲ့ မျိုးနွယ်တူတွေကို ချန်ထားခဲ့ပါတယ်” ဟု Perth တိရစ္ဆာန်ရုံ၏ လူဝံ ကြီးကြပ်ရေးမှူး Holly Thompson က ပြောကြားခဲ့သည်။

Puan သည် သားသမီး ၁၁ ကောင်မွေးဖွားခဲ့ပြီး လက်ရှိတွင် ၎င်း၏ မျိုးစိတ်ဝင် ၅၄ ကောင်မှာ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ရုံများနှင့် ဆူမားတြားကျွန်းတောများအတွင်း ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

စာရင်းများအရ ကမ္ဘာတစ်ဝန်း လှောင်အိမ်အတွင်း နေထိုင်ရသည့် ၎င်း၏ မျိုးရိုးမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.