Connect with us

Europe

သြစတြေးလျ၌ စံချိန်တင်မူးယစ်ဆေးဖမ်းဆီးမှုမှာ လူနှစ်ဦးအဖမ်းခံရ

ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သော ကိုကင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်မြို့တော်ဆစ်ဒနီ၌ စံချိန်တင် မူးယစ်ဆေးဝါးဖမ်းဆီးမှုတစ်ခုအတွင်း အမျိုးသားနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့တွင် ကိုကင်း ၅၀၀ ကီလိုဂရမ်နှင့်ပတ်သက်နေကြောင်း အာဏာပိုင်များက စနေနေ့ကပြောကြားပါသည်။

အဆိုပါသံသယရှိသူနှစ်ဦးကို ဆော်လမွန်ကျွန်းစုမြို့တော် ဟိုနီယာရာမှ ထွက်ခွာလာသည့် ဘယ်လ်ဂျီယံမှတ်ပုံတင်ထားသည့် လှေတစ်စီးပေါ်တွင် သိုဝှက်ထားသော မူးယစ်ဆေးများအား နိုင်ငံစုံ ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးမခံရမီ နိုင်ငံတွင်းသို့ တရားမဝင်မူးယစ်ဆေးတင်သွင်းရန် အသေးစိတ်စီစဉ်တစ်ခုတွင် ပါဝင်ကြောင်း စွပ်စွဲခံထားရသည်ဟု ဖယ်ဒရယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“သြစတြေးလျနဲ့ ဆော်လ်မွန်ကျွန်းစုအာဏာပိုင်များကြား ဒါဟာ မကြုံစဖူး စစ်ဆင်ရေးတစ်ခုဖြစ်ပြီး မူးယစ်ဆေးအမြောက်အမြား တင်သွင်းမှုကို ရပ်တန့်ဖို့ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုအောင်မြင်တယ်” ဖယ်ဒရယ်ရဲတပ်ဖွဲ့က စုံစမ်းရေးမှူး Ben McQuillan က ပြောကြားပါသည်။အသက် ၄၁ နှစ်နှင့်၃၉ နှစ်အရွယ် အမျိုးသားနှစ်ဦးမှာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက် ချမှတ်နိုင်သည့် မူးယစ်ဆေးနှင့်အခြားသောပြစ်မှုချိုးဖောက်မှုများနှင့်စွဲချက်တင်ခံထားရပြီး စုံစမ်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့ကပြောဆိုပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.