Connect with us

Europe

အင်တာပိုလ်၏ ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါး ၅၅ တန် ဖမ်းဆီးရမိ

အင်တာပိုလ်မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပါရီ ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်)သည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စစ်ဆင်ရေးအတွင်း သံသယရှိသူ ၁၃ဝဝ ကျော်ကို ထိန်းသိမ်းခဲ့ပြီး မတူကွဲပြားသော မူးယစ်ဆေးဝါးများ စုစုပေါင်း ၅၅ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ဆင်ရေးအတွင်း ကိုကင်း ၃၅ တန် ၊ ဘိန်းဖြူ ၅ တန် ၊ ဆေးခြောက် ၁၅ တန် နှင့် Captagon ဆေးပြား ၄၃ဝ,ဝဝဝ ပြား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

“ Lionfish ” ဟုအမည်ပေးထားသော စစ်ဆင်ရေးတွင် နယ်သာလန်နိုင်ငံရှိ သီးသန့်အိမ်တစ်လုံး၌ မူးယစ်ဆေး တရားမဝင်လျှို့ဝှက် ဓာတ်ခွဲခန်းတစ်ခုအား ရှာဖွေဖော်ထုတ်ခြင်းလည်း တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ကြောင်း ၊ ၎င်းဓာတ်ခွဲခန်းမှာ MDMA သို့မဟုတ် စိတ်ကြွဆေးပြား ၇ဝဝ,ဝဝဝ ထိထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရသည်။

“ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကနဦး မူးယစ်ဆေးတရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးမှာ ဒေသအသီးသီးက အင်တာပိုလ်အဖွဲ့ဝင်အားလုံး ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့တစ်ဖက်စွန်းက နိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေကို အခြားတစ်ဖက်စွန်းနိုင်ငံကရဲတပ်ဖွဲ့ဝင်တွေ နဲ့ချိတ်ဆက် စေခြင်းဖြင့် တစ်ပြိုင်တည်း လှုပ်ရှားဆောင်ရွက်မှုတွေ ပြုလုပ်နိုင်အောင် အင်တာပိုလ် I-24/7 ရဲတပ်ဖွဲ့ဆက်သွယ်ရေးစနစ်က ပြုလုပ်ပေးခဲ့ပါတယ်” ဟု အင်တာပိုလ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်တာပိုလ်တပ်ဖွဲ့အထွေထွေအတွင်းရေးမှူး Jurgen Stock က “ ပမာဏ Lionfish စစ်ဆင်ရေးဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု နဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု နဲ့သူနဲ့ဆက်စပ်တဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖို့ ပူးပေါင်းဆောင်ရွက်ရေး ချဉ်းကပ်မှုတစ်ခုလိုအပ်ပုံကို ပြသပါတယ် ” ဟု ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.