Connect with us

Europe

အင်္ဂလန်နိုင်ငံ အရှေ့ပိုင်းတွင် ယာဉ်အများအပြား တိုက်မိမှုကြောင့် လူ ၁၄ဦး ဒဏ်ရာရရှိ

အင်္ဂလန်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ကန့်စီရင်စု ရှိ Dartford မြို့ တွင် ယာဉ်တိုက်မှုတစ်ခုကြောင့် စုစုပေါင်း လူ ၁၄ဦး ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ် ၂၅စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က မေ ၂၉ ရက်တွင်ပြောကြားခဲ့သည်။

ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမျိုးသားတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း Sky သတင်းက ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က လူ၁၄ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ၌ပင် ဆေးကုသပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

Arriva Kent and Surrey ဘတ်စ်ကားလိုင်း၏ နယ်မြေကြီးကြပ်ရေးညွှန်ကြားရေးမှူး Oliver Monahan က Dartford မြို့ ရှိ Hythe လမ်းမတွင် မေ ၂၉ ရက် က ဘတ်စ်ကားတစ်စီး သည် အခြားမော်တော်ယာဉ်များအား တိုက်မိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ညွှန်ကြားရေးမှူး က ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများရှိကြောင်း အတည်ပြုပြောကြားခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုများကို ဦးစားပေးလုပ်ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.