Connect with us

Europe

အာမေးနီးယားလူမျိုးများ လူမျိုးတုံးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဘိုင်ဒင်က အသိအမှတ်ပြုသည့်အပေါ် တူရကီက ပြစ်တင်ရှုတ်ချ

အာမေးနီးယားလူမျိုးများ လူမျိုးတုံးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဘိုင်ဒင်က အသိအမှတ်ပြုသည့်အပေါ် တူရကီက ပြစ်တင်ရှုတ်ချ

ဝါရှင်တန်၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)ပထမကမ္ဘ

ာစစ်ကာလ အော်တိုမန်အင်ပါယာတွင် အာမေးနီးယားလူမျိုးများ ကြုံတွေ့ခဲ့ရသည့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းခံရမှုကို “လူမျိုးတုံးသတ်ဖြတ်မှု”အဖြစ် အမေရိကန်သမ္မတ ဘိုင်ဒင်က အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ နှစ်‌ပေါင်း (၁၀၆)နှစ်က ယနေ့လို အချိန်အခါမှာ လူမျိုးတုံးသတ်ဖြတ်မှုတွင် အသက်ဆုံးရှုံးသွားတဲ့ အာမေးနီးယားလူမျိုးအားလုံးကို အမေရိကန်က လေးစားဂုဏ်ပြုပါတယ်။ ”ဟု ဘိုင်ဒင်၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ယခုကဲ့သို့ ဖော်ပြရခြင်းမှာ တစ်ဖက်လူအား အပြစ်တင်ခြင်းမဟုတ်ဘဲ နောင်အခါတွင် ထိုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မပေါ်ပေါက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းအပေါ် တူရကီက လက်မခံကြောင်းနှင့် ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဘိုင်ဒင်၏သဘောထားသည် ပညာရပ်ပိုင်းနှင့်ဥပဒေအရ အခြေအမြစ်မရှိသလို မည်သည့်အထောက်အထားပံ့ပိုးမှုမျှမရှိကြောင်း ၊နှစ်နိုင်ငံ၏ အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်မှုကို ပျက်စီးစေကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ ထိုအမှားကို ဘိုင်ဒင်အနေဖြင့် ပြင်ဆင်ရန် ကြေညာချက်တွင် တိုက်တွန်းခဲ့သည်။

ဘိုင်ဒင်သည် အာမေးနီးယားအရေးကိစ္စကို “လူမျိုးတုံးသတ်ဖြတ်မှု”အဖြစ် ပထမဆုံး အသိအမှတ်ပြုသည့် အမေရိကန် သမ္မတဖြစ်သည်။ ယင်းဖြစ်ရပ်ကို အသိအမှတ်ပြုမည့် ဆုံးဖြတ်ချက်ကို ဧပြီ ၂၃ ရက်တွင် ဘိုင်ဒင်က တူရကီ သမ္မတအာဒိုဂန်(Erdoğan)နှင့် ဖုန်းဆက်သွယ်ပြောကြားစဉ် အကြောင်းကြားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဆိုသည်။ အိမ်ဖြူတော်၏ ဧပြီ ၂၃ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ချဲ့ထွင်ရန်၊ ကွဲလွဲမှုများကို ထိရောက်စွာ ထိန်းချုပ်ရန် အပြုသဘောဆောင်သည့် နှစ်ဖက်ဆက်ဆံရေးတည်ဆောက်ရန် ဆန္ဒရှိကြောင်း ဘိုင်ဒင်က အာဒိုဂန်အား ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ပထမကမ္ဘာစစ်ကာလ အော်တိုမန်အင်ပါယာတွင် အာမေးနီးယားလူမျိုးများ သတ်ဖြတ်ခံခဲ့ရသည်။ အာမေးနီးယားလူမျိုးများက ယင်းလုပ်ရပ်သည် “လူမျိုးတုံးသတ်ဖြတ်ခြင်း”ဖြစ်ကြောင်း ယူဆပြီး တူရကီက အာမေးနီးယားလူမျိုးများသည် ပြည်တွင်းစစ်တွင် အသက်ဆုံးရှုံးရခြင်းဖြစ်ပြီး သေဆုံးသူဦးရေကို အတိုင်းအထက်အလွန် ပြောကြားခြင်းဖြစ်ကြောင်း ယူဆသည်။

အမေရိကန်နှင့်တူရကီသည် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်ကြပြီး ယခုနှစ်ပိုင်းများတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ဆီးရီးယားနိုင်ငံ Kurdလူမျိုးရေးရာ၊ တူရကီက ရုရှားမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ဝယ်ယူမှုနှင့် တူရကီအပေါ် အမေရိကန်က ပိတ်ဆို့မှုများလုပ်ခဲ့သည့်ကိစ္စများကြောင့် တင်းမာလျက်ရှိကြောင်း သိရသည်။ (Xinhua)
 
———————————————
(Chinese Version)

(国际)拜登认定亚美尼亚惨案为“种族灭绝” 土耳其表示强烈谴责

  新华社华盛顿4月24日电(记者刘品然)美国总统拜登24日认定第一次世界大战期间奥斯曼帝国境内大批亚美尼亚人惨遭杀害事件为“种族灭绝”。
  拜登当天在一份声明中说:“美国人民向所有在106年前的今天开始的种族灭绝中丧生的亚美尼亚人致以敬意。”他还表示,美方此举不是为了指责一方,而是为了确保已发生的事件不再重演。
 另据土耳其外交部当天发表的书面声明,土方对此表示拒绝接受并予以强烈谴责。声明说,拜登的表态没有学术和法律基础,没有任何证据予以支持,将破坏两国的互信和友谊。声明呼吁拜登纠正这一“重大错误”。
拜登是首位认定该事件为“种族灭绝”的美国总统。美国媒体报道,拜登23日在与土耳其总统埃尔多安通话时向其告知了这一决定。白宫23日发表声明说,拜登向埃尔多安表达了“构建扩大合作领域、有效管控分歧的建设性双边关系”的意愿。
 第一次世界大战期间,奥斯曼帝国境内大批亚美尼亚人遭杀害。亚美尼亚认为这是“大屠杀事件”;土耳其认为那些亚美尼亚人死于内战,死亡人数被夸大。
  美国和土耳其同为北约成员国,然而两国关系近年来因叙利亚库尔德人问题、土耳其从俄罗斯购买S-400防空导弹系统以及美国对土制裁等问题持续紧张。(完)