Connect with us

Europe

အီတလီတွင် နှစ်ခြင်းမင်္ဂလာခံယူပွဲ၌ လူတစ်ဦး ဓားဖြင့် အထိုးခံရ

အီတလီနိုင်ငံတွင်းက ဘုရားကျောင်းတစ်ခုအား တွေ့ရစဉ်(အင်တာနက်)

အန်ဆာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ တောင်ပိုင်း ကော့ဆန်ဇာမြို့အနီး ကာရီယာတီမြို့တွင် နှစ်ခြင်းမင်္ဂလာခံယူပွဲတစ်ခု၌ အသက် ၃၄ နှစ်အရွယ် လူတစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းအရင်းအမြစ်များက စက်တင်ဘာ ၉ ရက်က ပြောကြားသည်။

ဓားထိုးမှုတွင် သံသယရှိသူသည် လူသတ်မှုဖြင့် တရားစွဲဆိုခံထားရပြီး ၎င်းနှင့်အတူ အမျိုးသားနှစ်ဦး ကြံရာပါများဖြစ်ကြကြောင်း ရဲတပ်ဖွဲ့သတင်းအချက်အလက်များအရ သိရသည်။

အဆိုပါ နှစ်ခြင်းမင်္ဂလာခံယူပွဲတွင် အရက်သေစာများသောက်စားပြီး ရန်ဖြစ်ရာမှ စတင်တိုက်ခိုက်ကြကာ ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

ဓားဖြင့်ထိုးခံရသူမှာ စိုးရိမ်ဖွယ်အခြေအနေကြောင့် ရဟတ်ယာဉ်ဖြင့် လော့ဆန်က ဆေးရုံသို့ ပို့ခဲ့ရကြောင်း သိရသည်။

ယင်းခိုက်ရန်ဖြစ်ပွားစဉ်အတွင်း အဆိုပါ သံသယရှိသူသည် ၁၆ စင်တီမီတာရှည်သော ဓားကိုထုတ်ပြီး အကြိမ်ကြိမ် ထိုးခဲ့ကြောင်း၊သံသယရှိသူသည် ဓားဖြင့်ထိုးပြီး အခင်းဖြစ်ပွားရာနေရာမှ ၎င်းသူငယ်ချင်းနှစ်ဦးနှင့် ထွက်သွားကြောင်း သိရသည်။(Xinhua)