Connect with us

Europe

ပြင်သစ်နိုင်ငံ၌ ယခုနှစ်နွေရာသီတွင် အပူချိန်ပြင်းထန်မှုကြောင့် သေဆုံးသူ ၁,၅၀၀ ခန့်ရှိ

ပြင်သစ်နိုင်ငံTours မြို့တွင် ဇွန် ၂၇ ရက်က အပူရှပ်သူ အမျိုးသမီးတစ်ဦးအား ဆေးကုသပေးနေစဉ် (ဆင်ဟွာ)

ပါရီ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

ယခုနှစ်နွေရာသီအပူချိန်ပြင်းထန်မှုကြောင့် ပြင်သစ်တစ်နိုင်ငံလုံး၌ သေဆုံးသူ ၁,၅၀၀ ခန့် ရှိကြောင်း ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံ၌ ဇွန် ၂၄ ရက်မှ ဇူလိုင် ၇ ရက်တွင် လည်းကောင်း၊ ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်တွင် လည်းကောင်း အပူလှိုင်းနှစ်ကြိမ် ဖြတ်သန်းခဲ့ကြောင်း ကြေညာချက်အရ သိရသည်။ ပူပြင်းသည့်ရာသီဥတုကြောင့် သေဆုံးသူများတွင် တစ်ဝက်ကျော်သည် အသက် ၇၅ နှစ် အထက် သက်ကြီးရွယ်အိုများဖြစ်ကြောင်းနှင့် အခြား လူ ၁၀ ဦးမှာ လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပူချိန်ကြိုတင်သတိပေးချက်နှင့်အရေးပေါ်စီမံခန့်ခွဲမှုများကို ပြုပြင်ဆောင်ရွက်ထားရာ ယခုနှစ် ပြင်သစ်နိုင်ငံ၏ အခြေအနေမှာ ၂၀၀၃ ခုနှစ်က ဆိုးဝါးသည့်အပူလှိုင်း ဥရောပတိုက်တစ်ခွင်ကို ဖြတ်သန်းစဉ်ကထက် အခြေအနေကောင်းမွန်ခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ၂၀၀၃ခုနှစ် အပူလှိုင်းကြောင့် ပြင်သစ်တွင် လူပေါင်း ၁၅,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၀၃ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံသည် အပူချိန်မြင့်တက်မှုသတိပေးစနစ်တစ်ခုကို အသုံးပြုခဲ့ရာ ၎င်းစနစ်မှာ ယခုနှစ်နွေရာသီ အပူလှိုင်းဖြတ်သည့်ကာလနှစ်ခုတွင် ပြည်နယ် ၄ ခုနှင့် ပြည်နယ် ၂၀ ကို အသီးသီး အနီရောင်သတိပေးချက် ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။ ဇွန် ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း Hérault ပြည်နယ် Vérargues၏ အမြင့်ဆုံးအပူချိန်မှာ ၄၆ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာ ပြင်သစ်နိုင်ငံ၏အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.