Connect with us

Europe

အီတလီနိုင်ငံ တွင် အထွေထွေရွေးကောက်ပွဲအား မတ်လ ၄ရက်တွင် ကျင်းပမည်

အီတလီနိုင်ငံ သမ္မတ Sergio Mattarellaအားတွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအား မတ်လ ၄ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် Paolo Gentiloni ၏ အစိုးရအဖွဲ့က ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အီတလီနိုင်ငံ သမ္မတ Sergio Mattarella က ဒီဇင်ဘာ ၂၈ရက် အစောပိုင်းတွင် ပါလီမန်အားဖျက်သိမ်းပြီး လာမည့် နိုင်ငံရေးမဲဆွယ်စည်းရုံးရေးအတွက် လမ်းဖွင့်ပေးခဲ့ပြီးနောက် ယင်းကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် Gentiloni က အစိုးရ၏ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာသည် ပြီးပြည့်စုံသွားရပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ၂၀၁၃ခုနှစ် မတ်လ တွင်စတင်ခဲ့သော ၅နှစ်တာ အုပ်ချုပ်ရေးယန္တရား တရားဝင်အဆုံးသတ်ရန် သမ္မတ ကလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့ ကလာမည့်ပါလီမန် စတင်စုဝေးခေါ်ယူရန် အတွက် မတ်လ ၂၃ရက်အား သတ်မှတ်ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.