Connect with us

Europe

ဥရောပစူပါဖလားပြိုင်ပွဲတွင် ဒူးဒဏ်ရာကြောင့် ရော်နယ်ဒို ပါဝင်နိုင်မည်မဟုတ်

ယူရို ၂ဝ၁၆ ဗိုလ်လုပွဲ၌ ဒူးဒဏ်ရာ ရသွားသော ရော်နယ်ဒိုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မက်ဒရစ် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ယူရို ၂ဝ၁၆ ဗိုလ်လုပွဲတွင် ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် ပေါ်တူဂီ တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုသည် လာမည့် ဘောလုံးရာသီတွင် ရီယဲလ်မက်ဒရစ်အသင်း၏ ဗွေဆော်ဦးပွဲစဉ်များနှင့် လွဲချော်ရန် သေချာသလောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယူရို ဗိုလ်လုပွဲတွင် ပြင်သစ်ကစားသမား Dimitri Payet နှင့် ဘောလုံးယှဉ်လုစဉ် ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် ရော်နယ်ဒိုသည် ရက်သတ္တပတ် ၆ ပတ် မှ ၈ ပတ်အထိ အနားယူရန် လိုအပ်နေသည်။
ရော်နယ်ဒိုသည် ဆေးစစ်ချက်များအရ သြဂုတ်လ ၉ ရက်တွင် နော်ဝေနိုင်ငံ Tronheim မြို့၌ ယှဉ်ပြိုင်ကစားမည့် ရီယဲလ်မက်ဒရစ် နှင့် ဆီဗီလားသင်းတို့၏ ဥရောပစူပါဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အသင့်ဖြစ်မည် မဟုတ်ကြောင်းသိရသည်။
အကယ်၍ ဒူးဒဏ်ရာ သက်သာသွားစေကာမူ ရော်နယ်ဒိုသည် ပေါ်တူဂီအသင်းနှင့် ပါဝင်ကစားခဲ့ပြီးနောက် အားလပ်ရက် သုံးပတ် အနားယူခွင့်ရထားရာ ရီယဲလ်မက်ဒရစ်အသင်း၏ သြဂုတ်တစ်ရက်နေ့အမေရိကန်ခရီးစဉ် မစတင်မီ အချိန်အထိ ရီယဲလ်အသင်းနှင့် သွားရောက်ပူးပေါင်းအုံးမည် မဟုတ်ကြောင်း သိရသည်။
ဘောလုံးရာသီသစ် မစတင်မီအထိ ရော်နယ်ဒိုသည် ရရှိထားသော ဒူးဒဏ်ရာပျောက်ကင်းပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရရှိစေရန် တစ်ဦးတည်း လေ့ကျင့်မှုများပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရန်လိုအပ်ပါက ခွင့်ပြုသွားမည်ဖြစ်ပြီး ရော်နယ်ဒို ကဲ့သို့အရေးကြီးသော ဘောလုံးသမားတစ်ဦးကို အလျင်စလို အသုံးပြုသွားမည် မဟုတ်ကြောင်း ရီယဲလ်နည်းပြ ဇီဒန်းက ပြောဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.