Europe
နယူးကယ်လီဒိုးနီးယားကျွန်း Tadine မြို့အရှေ့ဘက် ၁၆၂ ကီလိုမီတာတွင် ပြင်းအား ၆.၈ ရှိသော ငလျင်လှုပ်

ဟောင်ကောင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း နယူးကယ်လီဒိုးနီးယားကျွန်းများရှိ Tadine မြို့အရှေ့ဘက် ၁၆၂ ကီလိုမီတာတွင် အောက်တိုဘာလ ၁၆ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၀၁း၀၃း၄၆ နာရီအချိန်က ၆.၈ ပမာဏရှိသော အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။
အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀.၀ ကီလိုမီတာရှိပြီး တောင်လတ္တီကျု ၂၁.၇၁၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု၁၆၉.၄၄၆ ဒီဂရီအား ဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း ကနဦးတိုင်းတာချက်အရ သိရသည်။ (Xinhua)
Continue Reading