Connect with us

Europe

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်နှင့် နယ်သာလန် နိုင်ငံ ဘုရင် ဝီလီယံ-အလက်ဇန္ဒား တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ၀န်ကြီးချုပ်လီခဲ့ချန်နှင့် နယ်သာလန် နိုင်ငံ ဘုရင် ဝီလီယံ-အလက်ဇန္ဒား တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဟိတ်၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် နယ်သာလန်နိုင်ငံ ဘုရင် ဝီလီယံ-အလက်ဇန္ဒား (Willem-Alexander) နှင့် ဟိတ်မြို့ (Hague) နန်းတော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်က သမ္မတ ရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက် အမှာစကားကို ဦးစွာပထမ ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက ယခုနှစ်များတွင် တရုတ်-နယ်သာလန် ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ၊ အထူးသဖြင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန်သွားလာဆက်ဆံရေးများရှိရာ ဆက်ဆံရေး နယ်ပယ် ပိုမိုကျယ်ပြန့်လာကြောင်း ၊ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လာခြင်းသည် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုနိုင်ရုံသာမက တရုတ်-ဥရောပဆက်ဆံရေးအတွက်လည်း အရေးပါကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားလိုကြောင်း ၊ရင်းနှီးမြုပ်နှံမှု ၊အများအကျိုးဖြစ်ထွန်းစေမည့် ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားကာ နှစ်နိုင်ငံလုပ်ငန်းများ အထူးသဖြင့် အသေးစားအလတ်စားလုပ်ငန်းများ၏ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သည့်အခြေအနေများ ဖန်တီးသွားလိုကြောင်း ၊ နယ်သာလန်လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံသို့လာရောက် ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်လီက လက်ရှိ နိုင်ငံတကာကုန်သွယ်ရေးစနစ်သည် အခက်အခဲအချို့နှင့် ကြုံတွေ့နေကြောင်း ၊ တရုတ်- နယ်သာလန် နှစ်နိုင်ငံသည် တံခါးဖွင့်စီးပွားရေးကို ကျင့်သုံးနေကြသည့် ကမ္ဘာ့ကုန်သွယ်ရေး နိုင်ငံကြီး ဖြစ်သောကြောင့် စည်းစနစ်ကို အခြေခံသည့် ကမ္ဘာ့နိုင်ငံရေးစီးပွားရေး စနစ် ကို အတူ ထောက်ခံ အားပေးသင့်ကြောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါအချက်များနှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏စည်းစနစ်များကို လိုက်နာကာ ဘက်ပေါင်းစုံပါဝင်သည့် လွတ်လပ်သော ကုန်သွယ်ရေးကို ထိန်းသိမ်းပြီး ကမ္ဘာ့တည်ငြိမ်ရေးအတွက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

နယ်သာလန်နိုင်ငံ ဘုရင် ဝီလီယံ-အလက်ဇန္ဒားကလည်း ယခုနှစ်များတွင် နယ်သာလန်-တရုတ် နှစ်နိုင်ငံ အဆင့်မြင့်ဆက်ဆံရေးသည် နီးနီးကပ်ကပ်ရှိလာသောကြောင့် အပြန်အလှန် အကျိုးဖြစ်ထွန်း မည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် လုပ်ငန်းချင်းအပြန်အလှန်ရင်းနှီးမြုပ်နှံမှုများရှိလာကြောင်း ၊ လက်ရှိ နိုင်ငံတကာတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် နယ်သာလန်နိုင်ငံနှင့် တရုတ်နိုင်ငံ သည် ပိုမို စည်းလုံးသည့် ပူးပေါင်းဆောင်ရွက်မှုရှိရန်လိုအပ်ကြောင်း၊ အခက်အခဲအန္တရာယ်များကို အတူ ရင်ဆိုင်ပြီး နိုင်ငံတကာကုန်သွယ်ရေးစနစ်နှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးဖွံ့ဖြိုးရေးကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.