Connect with us

Europe

ဂျာမနီတွင် လေယာဉ်နှင့် ရဟတ်ယာဉ် တိုက်မိမှုကြောင့် လူ၄ဦးသေဆုံး

ဂျာမနီနိုင်ငံတွင် ဇန်နဝါရီ ၂၃ရက်ကဖြစ်ပွားခဲ့သည့် လေယာဉ်နှင့် ရဟတ်ယာဉ် တိုက်မိမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘာလင်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်ပိုင်း Karlsruhe မြို့အနီးရှိ ကောင်းကင်ယံတွင် ဇန်နဝါရီ ၂၃ရက်က အပေါ့စားလေယာဉ်တစ်စီး နှင့် ရဟတ်ယာဉ်တစ်စီး တို့တိုက်မိ၍ လူ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Karlsruhe မြို့ ရဲတပ်ဖွဲ့ က ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်း နှင့် အပေါ့စားလေယာဉ်တစ်စင်း တို့သည် ကောင်းကင်ယံ၌ ပျံသန်းနေစဉ် တိုက်မိကြောင်း ၎င်းတို့၏ တွစ်တာစာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။

မတော်တဆဖြစ်ပွားရာသို့ ကယ်ဆယ်ရေးဝန်ထမ်းများ၊ မီးသတ်သမားများ နှင့် ကယ်ဆယ်ရေးရဟတ်ယာဉ်များစွာ ဖြန့်ကျက်စေလွှတ်ခဲ့ကြောင်း သိရသည်။

ဂျာမန်သတင်းဋ္ဌာနဖြစ်သည့် Focus Online က လေယာဉ်တိုက်မှုသည် Rheinhausen နှင့် Erlichsee အကြားတွင်တည်ရှိသော ကျောက်စရစ်တွင်းတစ်ခုအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

မတော်တဆဖြစ်ပွားရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.