Europe
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၂ဦးသေဆုံး

ဂျနီဗာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ ငွေရေးကြေးရေးဆိုင်ရာခရိုင် အနီးတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၂ဦးသေဆုံးကြောင်း ဒေသခံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက် တွင်ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ဘူတာကြီးနားတွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်မှ အခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် သေနတ်ပစ်ခံရသူ ၂ဦးအနက် အမျိုးသမီး တစ်ဦးကို အသက်ရှင်လျက်တွေ့ရှိခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)