Europe
ပူတင်နှင့် ဒူတာတေးတို့ လာမည့် သီတင်းပတ်အတွင်း တွေ့ဆုံမည်
မော်စကို၊ မေ ၂၀ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးတို့သည် မေလ ၂၅ ရက်တွင် မော်စကိုမြို့၌ တွေ့ဆုံမည် ဖြစ်ကြောင်း ကရင်မလင်နန်းတော်က မေလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ခေါင်းဆောင် နှစ်ဦး တွေ့ဆုံစဉ် လက်ရှိ နိုင်ငံ၏ အခြေအနေများ၊ နိုင်ငံရေး၊ ကုန်သွယ်-စီးပွားရေးနှင့် ယဉ်ကျေးမှု-လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်၌ ကရင်မလင်က ပြောကြားထားသည်။
ထို့ပြင် အာရှ-ပစိဖိတ်ဒေသအတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် အလေးထား ဦးစားပေးကာ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန်မည် ဖြစ်ပြီး နှစ်နိုင်ငံ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့သည်။ (Xinhua)