Connect with us

Europe

(B&R Forum) ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုက အပြုသဘောဆောင်သော စီမံကိန်းအဖြစ် EU ရှုမြင်

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တဲလင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုသည် အာရှနှင့် ဥရောပ ဒေသအကြား ချိတ်ဆက်မှုကို မြှင့်တင်ပေးမည့် အပြုသဘောဆောင်သည့် စီမံကိန်း တစ်ခုအဖြစ် ဥရောပသမဂ္ဂ (EU) က ရှုမြင်ပါကြောင်း အီးယူ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက မေလ ၁၂ ရက်၌ ပြောကြားလိုက်သည်။

အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီး ဆဗန်မစ်ဆာ (Sven Mikser) နှင့်အတူ ပူးဆွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် အီးယူ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့် ကိုယ်စားလှယ် ဖက်ဒရီကာ မိုဂရီးနီ (Federica Mogherini) က ယခုလို မှတ်ချက်ပြု ပြောကြားခဲ့သလို တရုတ်နိုင်ငံ ပေကျင်းတွင် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည့် ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်သို့ အီးယူ ဒုတိယ ဥက္ကဋ္ဌ Jyrki Katainen တက်ရောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဇွန်လကျရင် ဘရပ်ဆဲလ်မှာ ပြုလုပ်မဲ့ အီးယူ-တရုတ် ထိပ်သီး အစည်းအဝေးအတွက် အလွန်ကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ကျွန်မတို့ ပြင်ဆင်နေပါတယ်” ဟု မိုဂရီးနီက ပြောသည်။

“တရုတ်နဲ့ ကျွန်မတို့ရဲ့ (အီးယူ) ဆက်ဆံရေးဟာ အလွန်ခိုင်မာတဲ့ အခြေခံကောင်းတွေ ရှိနေပါပြီ၊ ကမ္ဘာ့သမိုင်းမှာလဲ ဒီအခိုက်အတန့်က တစ်ဘက်နဲ့ တစ်ဘက် စိတ်ချရတဲ့ ကမ္ဘာ့ အင်အား နှစ်ခု ဖြစ်နေတယ်ဆိုတာ အပြန်အလှန် သဘောပေါက်ထားကြပါတယ်”ဟု ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီး ဆဗန်မစ်ဆာကလည်း ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးမှုက အီးယူနဲ့ တရုတ်အကြား စီးပွားရေး လုပ်ဆောင်ရန်နှင့် ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် အလားအလာကြီး နှင့် အခွင့်အလမ်းများ တိုးပွားမှု ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.