Connect with us

Europe

မန်ချက်စတာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ၁၉ ဦးသေ ၊ ၅၉ ဦးဒဏ်ရာရ


လန်ဒန် ၊ မေ ၂၃ (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ မန်ချက်စတာ ကဇာတ်ရုံ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၅၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် သေဆုံးသူ ၁၉ ဦးရှိသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း Sky News ရုပ်သံသတင်းဌာနက မေလ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

အနောက်မြောက်ပိုင်း လူနာတင်ယာဉ်ဝန်ဆောင်မှု (NHS) က ဒဏ်ရာသူများကို ဆေးရုံအသီးသီးသို့ပို့ဆောင်ထားကြောင်း နှင့် ဒဏ်ရာရသူများကို ဆေးကုသမှုပေးလျက်ရှိကြောင်းပြောကြားခဲ့သည်။

မန်ချက်စတာ ကဇာတ်ရုံ၌ မေလ ၂၂ ရက် ညပိုင်းက ဖျော်ဖြေပွဲအပြီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ရှိ ကဇာတ်ရုံ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ /file photo)

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ရှိ ကဇာတ်ရုံ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ /file photo)

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ရှိ ကဇာတ်ရုံ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ /file photo)

မန်ချက်စတာရဲတပ်ဖွဲ့အကြီးအကဲ Constable Ian Hopkins က ပြောကြားရာတွင် သေဆုံးသူ ၁၉ ဦး နှင့် မန်ချက်စတာမြို့အတွင်းရှိ ဆေးရုံ ၆ ခုသို့ပို့ဆောင်ထားသော ထိခိုက်ဒဏ်ရာရသူ ၅ဝ ခန့်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.