Europe
ပျောက်ဆုံးနေသောသတင်းထောက်ကို ရှာဖွေရန် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးထဲသို့ တူရကီတပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့
အစ္စတန်ဘူလ် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)
ပျောက်ဆုံးနေသော ဆော်ဒီသတင်းထောက် Jamal Khashoggi အား ရှာဖွေရန် တူရကီနိုင်ငံမှ အဖွဲ့တစ်ခုသည် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေးဗီးယားကောင်စစ်ဝန်ရုံးဝင်းထဲသို့ အောက်တိုဘာ ၁၅ ရက်ညနေက ဝင်ရောက်သွားခဲ့ကြောင်း ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။
ရဲအရာရှိများ နှင့် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး အရာရှိများပါဝင်သည့် တူရကီရှာဖွေရေးအဖွဲ့တစ်ခုသည် ဆော်ဒီကောင်စစ်ဝန်ရုံး အဆောက်အအုံရှေ့သို့ ကား ၇ စီး ၊ ၈ စီး ခန့်ဖြင့် ရောက်ရှိလာခဲ့ကြောင်း ၊ ၎င်းမော်တော်ကားများထဲတွင် မှုခင်းရှာဖွေရေးယာဉ်လည်း တစ်စီးပါဝင်ကြောင်း ပုဂ္ဂလိက ရုပ်သံ Demiroren အေဂျင်စီ၏ ထုတ်လွှင့်ချက်အရ သိရသည်။
တူရကီနိုင်ငံရှိ ဆော်ဒီအာရေးဗီးယားကောင်စစ်ဝန်ရုံးအား တူရကီအာဏာပိုင်များ ဝင်ရောက်ရှာဖွေစဉ်(ဆင်ဟွာ)
တူရကီနိုင်ငံရှိ ဆော်ဒီအာရေးဗီးယားကောင်စစ်ဝန်ရုံးအား တူရကီအာဏာပိုင်များ ဝင်ရောက်ရှာဖွေစဉ်(ဆင်ဟွာ)
တူရကီနိုင်ငံရှိ ဆော်ဒီအာရေးဗီးယားကောင်စစ်ဝန်ရုံးအား တူရကီအာဏာပိုင်များ ဝင်ရောက်ရှာဖွေစဉ်(ဆင်ဟွာ)
တူရကီနိုင်ငံရှိ ဆော်ဒီအာရေးဗီးယားကောင်စစ်ဝန်ရုံးအား တူရကီအာဏာပိုင်များ ဝင်ရောက်ရှာဖွေစဉ်(ဆင်ဟွာ)
ကောင်စစ်ဝန်ရုံးအနီးတစ်ဝိုက်၌ ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ချထားကြောင်း ၊ကောင်စစ်ဝန်ရုံးသို့ဦးတည်သွားလာနိုင်သည့် လမ်းများအားလုံးကိုလည်း ပိတ်ထားကြောင်း သိရသည်။
အစ္စတန်ဘူလ်မြို့ရှိ လုံခြုံရေးဌာနချုပ်တွင် တူရကီအာဏာပိုင်များ နှင့်တွေ့ဆုံခဲ့ပြီးနောက် လွန်ခဲ့သော နာရီပိုင်းက လူပေါင်း ၁၅ ဦးပါဝင်သည့် ဆော်ဒီအာရေးဗီးယားအဖွဲ့တစ်ခုသည် ကောင်စစ်ဝန်ရုံးအဆောက်အအုံထဲသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂ ရက်က နောက်ဆုံးမြင်တွေ့ခဲ့ရသည့် သတင်းထောက် Khashoggi အားရှာဖွေရန် တူရကီ နှင့် ဆော်ဒီအာရေးဗီးယား နှစ်နိုင်ငံသည် အတူတကွ လုပ်ဆောင်ကြရန် ပြီးခဲ့သော ရက်သတ္တပတ်က သဘောတူညီမှုရရှိခဲ့သည်။
သတင်းထောက်မှာ သတ်ဖြတ်ခံရကာ အလောင်းဖျောက်ခံရကြောင်း တူရကီအာဏာပိုင်များက ယုံကြည်နေပြီး တစ်ချိန်တည်းမှာပင် အဆိုပါစွပ်စွဲချက်အားလုံးကို ဆော်ဒီအာရေးဗီးယားဘက်က ငြင်းဆိုထားသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ တူရကီနိုင်ငံသမ္မတ အာဒိုဂန် နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇစ် တို့သည် အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)