Connect with us

Europe

ဂျာမနီအလယ်ပိုင်းတွင် လေယာဉ်ငယ်တစ်စီးပျက်ကျ၍ လူ ၃ဦးသေဆုံး

ဂျာမနီအလယ်ပိုင်းတွင် ပျက်ကျခဲ့သည့် လေယာဉ်ငယ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘာလင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အလယ်ပိုင်း Hesse ပြည်နယ် ရှိ Wasserkuppe တောင်ပေါ်၌ အောက်တိုဘာ ၁၄ ရက်က လေယာဉ်ငယ်တစ်စီး ဆင်းသက်ရန်ကြိုးစားစဉ် လူအုပ်ထဲသို့ ပျက်ကျခဲ့ရာ လူ၃ဦးသေဆုံးပြီး အခြားလူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းကဖော်ပြခဲ့သည်။

အင်ဂျင်တစ်လုံးတပ် Cessna လေယာဉ်သည် မြေပြင်ပေါ်သို့ ဆင်းသက်ရာတွင် အဆင်မပြေဖြစ်ကာ အတားအဆီးတစ်ခုကို တိုက်မိပြီး လေယာဉ်ကွင်းအစွန်းရှိ လူအုပ်ထဲသို့ လိမ့်၍ကျခဲ့ကြောင်း Focus.online သတင်းကဖော်ပြခဲ့သည်။

သေဆုံးသူ ၃ဦးတွင် လူကြီး၂ဦး နှင့် အသက် ၁၀ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးပါဝင်ကြောင်း နှင့် အဆိုပါလေယာဉ်သည် ပုဂ္ဂလိကပိုင်ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်တွင် ရာသီဥတုအခြေအနေ ကောင်းမွန်နေပြီး မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာ မသိရှိသေးကြောင်း သိရသည်။

သတင်းဖော်ပြချက်များအရ လေယာဉ်ပေါ်မှ ခရီးသည် ၄ဦးကို ဆေးရုံသို့ပို့ဆောင်ပေးထားပြီး မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးမှာ ထိတ်လန့်၍ သတိမေ့မြောခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်သည် လေထီးခုန်သူများ နှင့် လေယာဉ်ငယ်မောင်းနှင်သူများအတွက် အထူးထင်ရှားရာနေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.