Europe
မန်ယူအသင်းက ၂ဝ၁၇-၁၈ ဘောလုံးရာသီတွင် ဝင်ငွေပေါင် ၅၉၀ သန်း ရရှိခဲ့

မန်ချက်စတာ ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အင်္ဂလန်ထိပ်သီးဘောလုံးကလပ် မန်ချက်စတာယူနိုက်တက်အသင်းသည် ၂ဝ၁၇-၁၈ ဘောလုံးရာသီတွင် ဝင်ငွေ ပေါင် ၅၉ဝ သန်း ( အမေရိကန်ဒေါ်လာ ၇၇၇ သန်း) ရရှိခဲ့ကြောင်း ကလပ်အသင်း၏ နောက်ဆုံးထုတ်ပြန်သော ဘဏ္ဍာရေးရှင်းတမ်းများအရ သိရသည်။သို့သော် ၎င်းကလပ်အသင်းအနေဖြင့် အကြွေးငွေ ပေါင် ၄၈၇ သန်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)