Connect with us

Europe

တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၁၃ဦးကို တူနီးရှားတပ်ဖွဲ့ဖမ်းဆီး

တူနီးရှား ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တူးနစ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ ရေကြောင်းသွားလာမှု အစောင့်တပ်ဖွဲ့ သည် အီတလီကမ်းရိုးတန်းမှ ထွက်ခွာလာသော လူ ၁၄ဦး လိုက်ပါလာသည့် တရားမဝင်ရွှေ့ပြောင်းသွားလာသော လှေတစ်စင်းအား စက်တင်ဘာ ၂၄ ရက်တွင် ကြားဖြတ်တားဆီးခဲ့ကြောင်း သိရသည်။

တူနီးရှားနိုင်ငံ ရေကြောင်းသွားလာမှု အစောင့်တပ်ဖွဲ့ အထွေထွေဌာန ပြောရေးဆိုခွင့်ရှိသူ Houcem Jbabli က တူနီးရှားနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ Nabeul ပြည်နယ်၌ စက်တင်ဘာ ၂၄ရက် အရုဏ်တက်ချိန် တွင် တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့ရာတွင် မအောင်မမြင်ဖြစ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့သည် အမျိုးသမီးတစ်ဦး အပါအဝင် လူ ၁၃ဦးကို ဖမ်းဆီးခဲ့ပြီး ခေါင်းဆောင်သည် ရေထဲသို့ ခုန်ချကာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

တရားမဝင် ရွှေ့ပြောင်းသွားလာမှု များက များသောအားဖြင့် တူနီးရှားနိုင်ငံ အရှေ့မြောက်ပိုင်း နှင့် အရှေ့အလယ်ပိုင်း ကမ်းရိုးတန်း မှ အစပြု၍ အီတလီနိုင်ငံ ကမ်းရိုးတန်း အထူးသဖြင့် အီတလီတောင်ပိုင်း Lampedusa ကျွန်း သို့ ဦးတည်သွားရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ နှင့် နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့အစည်း ၏ ဖော်ပြချက်အရ ၂၀၁၈ခုနှစ် ပထမ ၈လအတွင်း အီတလီနိုင်ငံသို့ တရားမဝင် တူနီးရှား ရွှေ့ပြောင်းသွားလာသူ ၃,၈၁၁ဦး အီတလီနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် ၁,၇၂၁ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.