Europe
မော်စကိုမြို့ရှိ ဈေးဝယ်စင်တာ တွင် မီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၄ဦးဒဏ်ရာရရှိ

မော်စကို၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ မြို့တော် မော်စကိုမြို့ မြောက်ပိုင်း အစွန်းအဖျားရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇူလိုင် ၁၀ ရက် က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးတစ်ဦးအပါအဝင် လူ ၁၄ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ်ဝန်ကြီးဋ္ဌာနမှ သတင်းရင်းမြစ်များကို ကိုးကား၍ ရုရှားမီဒီယာက ဖော်ပြခဲ့သည်။
မြို့တော် မော်စကို၏ အရှေ့မြောက်ဘက် Dmitrovskoe အဝေးပြေးလမ်းမပေါ်ရှိ ရီယို ဈေးဝယ်စင်တာတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံ၏ ဒုတိယထပ်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ နောက်ပိုင်းတွင် မီးတောက်ကြီးများအဖြစ်ပြောင်းလဲသွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းပြီးနောက် လူပေါင်း ၂,၀၀၀ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး အဆောက်အအုံအတွင်း လူအများအပြား ပိတ်မိနေနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
အရေးပေါ်ဝန်ကြီးဋ္ဌာန က မီးလောင်မှုဖြစ်ပွားရာ အဆောက်အအုံအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရန် မီးသတ်ကား ၄၈စီး နှင့် အတူ မီးသတ်ဝန်ထမ်း ၁၅၀ဦးကို စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)