Connect with us

Europe

အီးယူ မှ ထွက်ခွာခွင့် အတွက် တောင်းဆိုသည့် အခကြေးငွေမှာ လွန်စွာ များပြားကြောင်း ဗြိတိန် နိုင်ငံ က ပြောကြား

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Boris Johnson အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Boris Johnson က ဇူလိုင် ၁၁ နေ့၌ အောက်လွှတ်တော် အမတ်၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့ရာတွင် အီးယူ အဖွဲ့အစည်း မှ ဗြိတိန် နိုင်ငံ အပေါ် တောင်းဆိုသည့် ထွက်ခွာခွင့် အခကြေးငွေသည် အလွန်များပြားပြီး တရားမဝင် တောင်းယူမှုဖြစ်ကာ ဗြိတိန် နိုင်ငံ မှ လက်မခံ နိုင်ကြောင်း ပြောကြား ခဲ့သည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ၏ ပြောဆိုမှု သည် ဗြိတိန် နိုင်ငံ ၏ အီးယူ မှ ထွက်ခွာခြင်း ဆွေးနွေးမှု စတင်ပြီးနောက်တွင် ထွက်ခွာခွင့် အခကြေးငွေ နှင့် ပတ်သက်၍ ပထမ ဦးဆုံး ပြင်းထန်စွာ ဝေဖန် ခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုင်ငံခြားရေး ဝန်ကြီး Boris Johnson က အခကြေးငွေ မှာ မည်မျှ ဖြစ်သည် ကို ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပါ။

ဗြိတိန် နိုင်ငံ နှင့် အီးယူ သည် ပြီးခဲ့သည့် ဇွန်လ တွင် ထွက်ခွာခြင်း နှင့် ပတ်သက်၍ ဆွေးနွေးမှု စတင်ပြုလုပ်ခဲ့သည်။ အီးယူ မှ ထွက်ခွာခြင်း အခကြေးငွေ နှင့် ပတ်သက်၍ ဥရောပ နိုင်ငံ များမှ သတင်းမီဒီယာ များက ဗြိတိန် နိုင်ငံ အနေဖြင့် အီးယူ အား ထွက်ခွာခြင်း အခကြေးငွေ ယူရို ၆၀ ဘီလီယံ ပေးဆောင်ရမည်ဟု ခန့်မှန်းခဲ့ကြပြီး အချို့ က ယူရို ၁၀၀ ဘီလီယံ အထိ ပေးရနိုင်ခြေ ရှိကြောင်း ခန့်မှန်း ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.