Europe
မြောက်မက်ဆီဒိုးနီးယား ရဲတပ်ဖွဲ့က လက်နက်မှောင်ခိုအုပ်စုများအား ချေမှုန်း
SKOPJE ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)
မြောက်မက်ဆီဒိုးနီးယား နိုင်ငံ ရဲတပ်ဖွဲ့ဝင်များက တရားမဝင် လက်နက်များ ကုန်သွယ်မှုများတွင် ပါဝင်သော အုပ်စု တစ်စုအား ချေမှုန်းခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ရဲတပ်ဖွဲ့၏ အရေးယူမှုသည် မြောက်မက်ဆီဒိုးနီးယား နိုင်ငံ အစိုးရ ရှေ့နေရုံး၏ ပူးပေါင်း ဆောင်ရွက်မှု နှင့် အတူ ဖွဲ့စည်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအမှုအား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လက်နက်မှောင်ခိုအုပ်စုမှ အဖွဲ့ဝင် ၉ ဦးအား ဖမ်းဆီးရန် တရားရုံးက အမိန့်ထုတ်ခဲ့ပြီး အဆိုပါ အဖွဲ့ဝင်များသည် မြောက်မက်ဆီဒိုးနီးယား နိုင်ငံ၏ Skopje ၊ Tetovo နှင့် Kumanovo မြို့များမှ ဖြစ်ကြောင်း သိရသည်။
ထိုသို့ချေမှုန်းရာတွင် ရဲတပ်ဖွဲ့က အော်တိုမက်တစ် ရိုင်ဖယ် တစ်လက် ၊ အမဲလိုက် ရိုင်ဖယ် တစ်လက် ၊ ပစ္စတို ၁၆ လက် ၊ ခဲယမ်း အမျိုးမျိုး ၊ မိုဘိုင်းဖုန်းများ နှင့် ဆင်းကတ်များအားလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။(Xinhua)