Europe
ယူူူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် ဇယ်လန်းစကီး အနိုင်ရ

ကိဗ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ယူကရိန်းရုပ်ရှင်သရုပ်ဆောင် ဗိုလော့ဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) က ဆန္ဒမဲ ၇၃.၂ ရာခိုင်နှုန်းဖြင့် ဧပြီလ ၂၁ ရက်က အနိုင်ရရှိသွားခဲ့ကြောင်း ယူကရိန်းနိုင်ငံပိုင် သတင်းအေဂျင်စီ Ukrinform က ပြောကြားခဲ့သည်။
လက်ရှိသမ္မတ ပတ်ထရို ပိုရိုရှန်ကို (Petro Poroshenko) က ဆန္ဒမဲ ၂၅.၃ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း၊ ဆန္ဒမဲ ၁.၅ ရာခိုင်နှုန်းမှာ ပယ်မဲဖြစ်သွားခဲ့ကြောင်း exit poll က ဖော်ပြထားသည်။
အဆိုပါ ခန့်မှန်းမဲရလဒ်မှာ Ilko Kucheriv Democratic Initiatives ဖောင်ဒေးရှင်းက မဲဆန္ဒရှင် ၁၃,၀၀၀ ဦးအား မေးမြန်းကောက်ယူထားခြင်း ဖြစ်သည်။
ယူကရိန်းနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ မဲပေးခြင်းအား ဧပြီလ ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီမှ ည ၈း၀၀ နာရီအထိ ပြုလုပ်ခဲ့သည်။
ဒုတိယအကျော့ မဲရလဒ်များအား ဗဟိုရွေးကောက်ပွဲကော်မရှင်က မေလ ၁ ရက်တွင် ကြေညာမည် ဖြစ်ပြီး သမ္မတသစ်အနေဖြင့် ဇွန်လ ၃ ရက်ထက် နောက်မကျဘဲ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ (Xinhua)