Europe
ရုရှား နိုင်ငံ မော်စကို တရားရုံး ၌ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၃ ဦး သေဆုံး ကာ ၅ ဦး ဒဏ်ရာရရှိ
မော်စကို ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
ရုရှား အမျိုးသားစောင့် တပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ ဇူလိုင်လ ၁ ရက်နေ့၌ ရုရှား နိုင်ငံ မော်စကိုမြို့ အနောက်မြောက်ပိုင်းရှိ မော်စကို တရားရုံး တွင် ရဲတပ်ဖွဲ့ အား တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ရုရှား နိုင်ငံပိုင်သတင်းဌာန ၏ သတင်းထုတ်ပြန်ချက်အရ ဒုစရိုက်ဂိုဏ်း တစ်ခု မှ ပြစ်မှုကျူးလွန်သူ ၅ ဦး ကို သြဂုတ်လ ၁ ရက်နေ့၌ မော်စကို တရားရုံးတွင် စစ်ဆေးရန် ပို့ဆောင်နေစဉ် ပြစ်မှုကျူးလွန်သူများသည် ရဲတပ်ဖွဲ့ဝင် များကို တိုက်ခိုက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် တို့၏ လက်နက်ကို လုယက်ကာ ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း ၊ ပစ်ခတ်မှု အတွင်း ပြစ်မှုကျူးလွန်သူ ၃ ဦး ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး ကျန် ၂ ဦး မှာ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။
မော်စကို မြို့ ပြည်ထဲရေး ဌာန ၏ ပြောရေးဆိုခွင့်ရှိသူ က တိုက်ခိုက်မှု အတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦး မှ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။
လက်ရှိချိန်တွင် ဒဏ်ရာရရှိသူများအား ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ၊ မော်စကို တရားရုံး မှာလည်း လုပ်ငန်းပုံမှန် ပြန်လည် လည်ပတ်နေပြီးဖြစ်သော်လည်း စစ်ဆေးမှု များဖြင့် ဝင်ရောက်ခွင့်ပေးခဲ့ကြောင်း သိရှိရသည်။
ယခု တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ဒုစရိုက်ဂိုဏ်း သည် မော်စကို မြို့ အနီးတစ်ဝိုက် တွင် လူသတ်မှု အများအပြား ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၇ ဦး ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)