Connect with us

Europe

တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တို့အား ဆီးရီးယား နိုင်ငံ ဒုက္ခသည် များကို ညှင်းပန်းနှိပ်စက်မှု ဖြင့် ဖမ်းဆီး ခံရ

တူရကီ နိုင်ငံ နယ်စပ်ရှိ ဆီးရီးယား နိုင်ငံ ဒုက္ခသည် များကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ ညွှန်ကြားကွပ်ကဲရေး ဌာနချုပ် က ဇူလိုင်လ ၃၁ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည့် ကြေညာချက်တွင် တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ တပ်ဖွဲ့ဝင် အချို့သည် ဆီးရီးယား နိုင်ငံ ဒုက္ခသည် များကို ညှင်းပန်းနှိပ်စက်သဖြင့် ဖမ်းဆီး လိုက်ပြီးဖြစ်ကာ ၎င်းတို့အား အရေးယူ ဆောင်ရွက်မှု များပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တူရကီ နိုင်ငံ သတင်း မီဒီယာ ၏ ဖော်ပြချက်အရ ဇူလိုင်လ ၂၈ ရက်နေ့၌ တူရကီ နိုင်ငံ တောင်ပိုင်း Hatay ပြည်နယ် နယ်စပ်ဒေသတွင် တူရကီ နိုင်ငံ တပ်ဖွဲ့ မှ ကင်းလှည့် စစ်ဆေးစဉ်အတွင်း တူရကီ နိုင်ငံ သို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပန်းနေသော ဆီးရီးယား ဒုက္ခသည် ၄ ဦး ကို ဖမ်းဆီး ခဲ့ကြောင်း ၊ ဖမ်းဆီး လိုက်သည့် ဒုက္ခသည် အချို့ ကို ပြန်လည် လွှတ်ပေးခဲ့ပြီး တူရကီ နိုင်ငံ တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် ၄ ဦးအား ဒုက္ခသည် ကို ညှင်းပန်း နှိပ်စက်မှု ဖြင့် တရားစွဲဆို လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် ဒေသတွင်း မီဒီယာ များက အခင်းဖြစ်ပွားချိန် တွင် တပ်ဖွဲ့ဝင် တစ်ဦး က လက်ကိုင်ဖုန်း ဖြင့် ဖြစ်စဉ် ကို ရိုက်ကူးခဲ့ပြီး ဂျာမနီ နိုင်ငံ ရှိ အဆက်အသွယ် သို့ ပို့ပေးခဲ့ကြောင်း ၊ ရိုက်ကူးခဲ့သည့် ရုပ်သံဖိုင်တွင် တူရကီ နိုင်ငံ တပ်ဖွဲ့ မှ တပ်သား ၄ ဦး တို့က ဆီးရီးယား ဒုက္ခသည် များကို ကန်ကျောက်ခဲ့ကြပြီး ထိုးနှက်မှု များပြုလုပ်ခဲ့သည် ကို တွေ့ရှိခဲ့ရကြောင်း ၊ ယင်းဗီဒီယိုဖိုင် မှာလည်း လူမှုကွန်ယက် တွင် ပျံနှံသွားပြီး ဝေဖန်မှု များစွာ ဖြစ်ပွား ခဲ့ကြောင်း သိရှိခဲ့ရသည်။

တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ က တပ်ဖွဲ့ဝင်များ မှ ဒုက္ခသည် များကို နှိပ်စက်ခြင်းသည် တူရကီ နိုင်ငံ တပ်ဖွဲ့၏ ပုံရိပ် ကို ပျက်ဆီးစေသောကြောင့် စစ်ဘက်ဆိုင်ရာ အနေဖြင့် စုံစမ်းစစ်ဆေးမှု များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.