Connect with us

Europe

ရုရှား နိုင်ငံခြားရေးဝန်ကြီး အမေရိကန်သို့ လာရောက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ဆုံမည်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် (ဝဲ) နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ယာ)တို့အား ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဧပြီ ၁၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov သည် အမေရိကန်နိုင်ငံသို့ မေလ ၉ ရက်မှ ၁၁ ရက်အထိ အလုပ်သဘော လာရောက်လည်ပတ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မေ ၈ ရက်တွင်ပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာနက “ မေလ ၁၀ ရက်နေ့ ဝါရှင်တန်မြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။ ဆွေးနွေးပွဲမှာ အဓိက နိုင်ငံတကာအရေးကိစ္စများ နဲ့ ပတ်သက်တဲ့ အမြင်တွေ၊ နှစ်နိုင်ငံဆက်ဆံရေးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက အမြင်ချင်း ဖလှယ်သွားဖို့ စီစဉ်ထားပါတယ်” ဟု ဋ္ဌာနဝက်ဘ်ဆိုက် တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်၌ ဝန်ကြီး၏ အမေရိကန်ခရီးစဉ်သည် အစောပိုင်းသဘောတူညီချက်တစ်ခုအရ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။

Lavrov သည် Alaska ပြည်နယ် ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Fairbanks မြို့တွင် ကျင်းပမည့် အာတိတ်ကောင်စီဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးသို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.