Connect with us

Europe

အလယ်အလတ်ဝါဒီ မက်ခရွန်း ပြင်သစ်သမ္မတအဖြစ်ရွေးကောက်ခံရ


ပါရီ၊ မေ ၈ ရက် (ဆင်ဟွာ)

မေလ ၇ ရက်တွင် ပြုလုပ်ခဲ့သော ပြင်သစ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ဆန္ဒမဲပေးမှု တွင် အလယ်အလတ်ဝါဒီ အီမာနျူရယ်လ် မက်ခရွန်း က ၎င်း၏ ပြိုင်ဘက် လက်ယာစွန်း ဝါဒီ မရင်း လီပန်း ကို မဲအပြတ်အသတ်ဖြင့် အောင်နိုင်ခဲ့ပြီး ပြင်သစ်သမ္မတ အဖြစ်ရွေးကောက်ခံရကြောင်း မဲရုံများ၏ မဲအရေအတွက် ခန့်မှန်းမှုများအရ သိရသည်။

BFMTV ရုပ်သံလိုင်းက မက်ခရွန်းသည် သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲ ၆၅.၉ ရာခိုင်နှုန်းဖြင့် ထောက်ခံမဲ ၃၄.၁ရာခိုင်နှုန်းသာ ရရှိခဲ့သော လီပန်း အား မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။အခြား လေ့လာခန့်မှန်းမှုများအရ မက်ခရွန်းသည် ထောက်ခံမဲ ၆၅ မှ ၆၆.၁ ရာခိုင်နှုန်းအထိရရှိခဲ့ပြီး လီပန်းမှာမူ ၃၃.၉ မှ ၃၅ရာခိုင်နှုန်းအထိသာ ရရှိခဲ့ကြောင်းလည်း သိရသည်။အစောပိုင်း ခန့်မှန်းမှုများအရ ဆန္ဒမဲပေးရန် ပျက်ကွက်သူ ၂၅ရာခိုင်နှုန်း ကျော် ရှိခဲ့ရာ ၁၉၆၉ခုနှစ် နောက်ပိုင်း ယခုအချိန်ထိ မဲပေးသူ ပျက်ကွက်မှု ရာခိုင်နှုန်းအများဆုံးဖြစ်ကြောင်း သိရသည်။

ပြင်သစ်သမ္မတ အဖြစ်ရွေးကောက်ခံရသည့် မက်ခရွန်းအားတွေ့ရစဉ် (ဆင်ဟွာ)

မက်ခရွန်းအား ထောက်ခံသူ လူအုပ်ကြီးသည် ပါရီမြို့ အလယ်ပိုင်း ရှိ Louvre ပြတိုက်အရှေ့တွင် စုဝေးနေခဲ့ပြီး သမ္မတသစ် ၏ မိန့်ခွန်းပြောကြားခြင်းအား ကြားနာရန် နှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန် စောင့်ဆိုင်းနေခဲ့ကြကြောင်း သိရသည်။မဲရလဒ်များ ထုတ်ပြန်ပြီးမကြာမီ လီပန်းက ၎င်းအားထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့ပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့သည်။၎င်းက မက်ခရွန်း၏ ရွေးကောက်ပွဲအောင်မြင်မှုအား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ရှေ့တွင်ရင်ဆိုင်ရမည့် အခက်အခဲများကိုလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် ဆုတောင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117