Europe
ရုရှားတွင် ကော်ဖီဆိုင်ပေါက်ကွဲမှုကြောင့် လူ ၂၂ဦး ဒဏ်ရာရရှိ

မော်စကို၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ အနောက်ပိုင်း Saratov ဒေသ ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ဇန်နဝါရီ ၂၆ ရက်က ဂတ်စ်ငွေ့သုံး ဘွိုင်လာတစ်လုံးပေါက်ကွဲခဲ့ရာ ယင်းဆိုင်ရှိ လူ ၄၀ဦးအနက် ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ်အခြေအနေများဝန်ကြီးဌာနကပြောကြားခဲ့သည်။
၎င်း က ဒဏ်ရာရရှိသူများအနက် ၁၄ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် ၆ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ဦး မီးလောင်ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ၎င်းတို့၏ အခြေအနေအား အနီးကပ်စောင့်ကြည့်နေကြောင်း သိရသည်။ (Xinhua)